ကဗျာဆရာ ညွှန့်သစ် လေဖြတ်သွား၍ ရန်ကုန်ဆေးရုံကြီးတင်ထားရ
K- (ဓာတ်ပုံ- စိုးစံသစ်)
(မိုးမခ) သြဂုတ် ၂၃၊ ၂၀၁၈
ကဗျာဆရာကြီး ညွှန့်သစ်ဟာ သြဂုတ်လ ၂၃ရက် နံနက်ခင်းတွင် အရေး ပေါ်ကျန်းမာရေးအခြေအနေအရ
ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အဆောင် ½ လေဖြတ်လူနာဆောင် အပေါ်ထပ် ခုတင်အမှတ်
Cor 17 တွင် တင်ထားရ ကြောင်းသိရပါတယ်။
ကဗျာဆရာညွန့်သစ်ရဲ့ဆေးရုံပေါ်က အခြေအနေနဲ့ပတ်သက်ပြီး စာရေးဆရာ
စိုးစံသစ်က “ ဦးနှောက်အာရုံကြောဆရာက သွေးကြောမှာ သွေးခဲဟု အဖြေ ထုတ်။ ရန်ကုန်ဆေးရုံကြီး
အဆောင် ½ လေဖြတ်လူနာ ဆောင် အပေါ်ထပ် ခုတင်အမှတ် Cor 17 တွင် တင်ထား။ သတိကောင်း။
အခြေနေစောင့်ကြည့်ပြီး
ထူးခြားရင် ချက်ချင်းဓာတ်မှန်ရိုက် / ချက်ချင်းပြန်စစ် / လိုအပ်တာဆက်လုပ်ရမယ်အနေထားမှာ ရှိတယ်။
စောင့်ကြည့်နေရဆဲပါ။
လောလောဆယ် ဆေးသွင်းထား။ ဝိုင်းဝန်းအကြံပြုကူညီပေးကြစေချင်ပါတယ် ” လို့ 
လူမှုကွန်ရက်ကနေ ရေးသားပြောဆို ထားပါတယ်။
ကဗျာဆရာကြီး ညွှန့်သစ်ဟာ အသက် (၇၆) နှစ်အရွယ်ရှိပြီး ပြီးခဲ့တဲ့လအနည်းငယ်ကမှ
ဇနီးဖြစ်သူ ဒေါ်မြမြသန်းကွယ်လွန် ထား ပါတယ်။
ကဗျာဆရာ ညွှန့်သစ် ကိုယ်ရေးအကျဉ်း
အမည်ရင်း- ဦးစိုးညွှန့်
၁၉၄၂၊ နိုဝင်ဘာ ၂၄ရက်ဖွား
ဧရာဝတီတိုင်းဇကာကြီးရွာတွင် အဖ- ဦးအုန်းမောင်၊ အမိဒေါ်ညိုတို့မှ
မွေးဖွား၊
မွေးချင်းညီအကို ၃ ယောက်အနက် ဒုတိယသား။
၁၉၅၀ ပြည်တွင်းစစ်ဖြစ်ပွားနေချိန် ရန်ကုန်ရောက်။
ရန်ကုန်ခရိုင်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအမှုဆောင် အဖွဲ့ဝင်။
ပထမဆုံးကဗျာစာမူ- ၁၉၇၁၊ မိုးဝေမဂ္ဂဇင်းမှာ '' ဒါပါပဲ '' ကဗျာဖြစ်။
စုပေါင်းကဗျာစာအုပ်များတွင်လည်း ပါဝင်ရေးသားခဲ့။
တကိုယ်တော်အနေနဲ့ ခါးသက်တဲ့အရသာ(၁၉၉၄)၊ ကောင်းကင်ပင်လယ် (၂၀၀၄) အင်္ဂလိပ်-မြန်မာနှစ်ဘာသာ
(သားဂျာနယ်ကျော် မိုးဟိန်း အင်္ဂလိပ်ဘာသာပြန်ဆို) လုံးချင်းကဗျာစာအုပ် ၂အုပ်ထုတ်ဝေထား။
ဇနီး- ဒေါ်မြမြသန်း သား ၃ ဦးရှိ။
ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် ပုသိမ်လမ်းတွင်နေထိုင်ရင်း ကဗျာ၊
ဆောင်းပါးများရေးသားလျက်ရှိ။ ။
Comments