ခဲမှုန့်ပန်းချီသင်တန်းသားများ၏အနုပညာပန်းချီပြပွဲ 43 Art Gallery မှာ ပြသနေ

ခဲမှုန့်ပန်းချီသင်တန်းသားများ၏အနုပညာပန်းချီပြပွဲ 
43 Art Gallery မှာ ပြသနေ
K
(မိုးမခ) စက်တင်ဘာ ၇၊ ၂၀၁၈
 
ပန်းချီစုတ်ချက်လက်ပိုင်ရှင်များ ဟုအမည်ပေးထားတဲ့ ခဲမှုန့်ပန်းချီသင်တန်းသားများ၏ အနုပညာပန်းချီပြပွဲ  ကို ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်၊ ၄၃လမ်း (မဟာဗန္ဓုလနှင့် ကုန်သည်လမ်းကြား) အမှတ် ၁ဝ၁ရှိ 43 Art Gallery မှာ စက်တင်ဘာ ၇ ရက်မှ ၉ရက်အထိ ပြသလျက်ရှိပါတယ်။
ပြပွဲမှာ ခဲမှုန့်ပန်းချီသင်တန်းဆင်း လူငယ် ၁၆ယောက်ရဲ့ ပန်းချီကား ၃၃ ကားကို ပြသသွားမှာဖြစ်ပြီး ပြပွဲတင်ပန်းချီကားများကို တော့ ရောင်းချသွားမှာမဟုတ်ဘဲ လက်ရာနဲ့ အနုပညာများကိုတင်ဆက်ပြသ သွားတာဖြစ်တယ်လို့ 43 Art Galleryမှ ပြပွဲ တာဝန်ရှိသူတဦးက ပြောပြပါတယ်။

ခဲမှုန့်ပန်းချီပြပွဲနဲ့ပတ်သက်ပြီး ခဲမှုန့်ပန်းချီဆရာ သူရအောင်က “ရည်ရွယ်ချက်ကတော့ တပည့်တွေရဲ့ ကြိုးစားမှုနဲ့ ရိုးသားမှုကိုAဖ်ာချင်လို့ ပြပွဲလုပ်ရတာပါ။ ဆရာကြီးတွေလည်း ပြောထားတယ်လေ။ တပည့် ဆိုတာ ရိုးသားရမယ်။ ကြိုးစားရမယ်။ စိတ်ထားကောင်းရင် ကောင်းသလို ပညာက ရလာမယ်။ တပည့် တွေရဲ့ရိုးသားမှုအပေါ် ဆရာတွေက ဘယ် လောက်ပံ့ပိုး ပေးနိုင် မလဲ။ ဘယ်လောက်ထိအောင် သူတို့က ဒီပညာရပ်အပေါ် ကြိုးစားပြီး မြတ်နိုးသလဲ။ အဲဒီဟာတွေကိုပြချင်လို့ ဒီပြပွဲလေး လုပ်ရခြင်း ရည်ရွယ်ချက် ပါ” လို့ ပြောပြပါတယ်။

ယခုပြပွဲမှာ ပါဝင်ပြသကြတဲ့ လူငယ်ပန်းချီဆရာများဟာ ခဲမှုန့်ပန်းချီသင်တင်းရဲ့ပထမဆုံးအကြိမ် သင်တန်း ဆင်းများဖြစ်ပြီး နောက်ထပ် ခဲမှုန့်ပန်းချီသင်တန်းများကိုလည်း ဆက်လက်ဖွင့်လှစ်သွားမှာဖြစ်ပြီး ဒုတိယ အကြိမ် ခဲမှုန့်ပန်းချီသင်တန်းကိုလည်း ၁၀လပိုင်း ၁၁ရက်နေ့မှာ ဆက်လက်ဖွင့်လှစ်သွားမယ်လို့လည်း ပြောပြပါတယ်။

ခဲမှုန့်ပန်းချီသင်တန်းပေးရခြင်းနဲ့ပတ်သက်ပြီးလည်း သင်တန်းဆရာဖြစ်သူ ဆရာသူရအောင်က “ပညာဆို တာက ကိုယ်တယောက်တည်း တတ်နေရုံနဲ့မပြီးဘူးလေ။ သူများကိုလည်း ဖြန့်ဝေပေးနိုင်ရမယ်။ မျှဝေပေးနိုင်ရမယ်။ နောက်တခုက ကျနော်က ယဉ်ကျေးမှုတက္ကသိုလ်က စောင်းပညာရပ်ကို လေ့လာနေ တဲ့အခါကျတော့ အလုပ်လည်းလုပ်ရင်း ပညာလည်း သင်ရင်း အဲဒီရည်ရွယ်ချက်မျိုးနဲ့သင်တန်းလေးတွေဖွင့် ဖြစ်နေတာပါ”လို့ပြောပြပါတယ်။

ပြပွဲကို ၃ရက်ကြာပြသသွားမှာဖြစ်ပြီး ပြပွဲချိန်အတွင်း နံနက် ၉ နာရီမှ ညနေ ၄နာရီ အတွင်း  ပြသလျက် ရှိပါတယ်။

Comments