သော်မိုးသစ် - သားကောင်

သားကောင်
သော်မိုးသစ်
(မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၁၈
သေသပ်တဲ့ ချုပ်ရိုးတွေကို ပြပြီး
ရှိုးထုပ်ကြတာပေါ့...
ဓါးအသေးအကြီးတွေက ပြောစရာမဟုတ်ဘူး...
ချူပ်ရိုးက သေသပ်နေဖို့ပဲလိုတာ....

စိတ်ကို ချုံ့ဖို့ စက်မလိုဘူး
စိတ်ဆိုတာ အလိုလို ပြန့်ကားကျယ်ပြန်တယ်
စိတ်ဆိုတာ အလိုလိုသေးကွေးကျဉ်းကျုံ့တယ်

သဘာဝထက်လွန်သွားရင်
လောကထဲမှာ ကဗျာတွေ ပန်းချီတွေပဲရှိတယ်...
ခံစားမှုဆိုတာ လမ်းဘေးဆိုင်ကလေးက ကော်ဖီလက်ဖက်ရည်တခွက်ထက်မပိုဘူး...

တရားဓမ္မဆိုတာ မပြောနဲ့...
လမ်းအကြောင်းမပြောနဲ့...
အသံထက်လွန်နေရင်...
စစ်ပွဲတပွဲပဲ တိုက်ကြတာ ပိုကောင်းတယ်
သေသူတွေ အလောင်းကောင်တွေ
အောင်ပွဲနဲ့အတူ ပျော်စရာ ခင်းကျင်းထားတဲ့ ပြကွက်တွေ...

အက္ခရာတွေပြန်စီရရင်
နတ်လူသာဓုခေါ်တဲ့သီချင်းတပုဒ်ကြားရမယ်ထင်တာပဲ...
ကျိုးပဲ့သွားတဲ့ ဂီတနဲ့အတူလေ.......
ချစ်ခြင်းမေတ္တာဆိုတာ ခေတ်ထဲမှာပိတ်မိသွားတဲ့သားကောင်....

Comments