ထက်လူအောင် ● ငါ့မြင်ကွင်း

ထက်လူအောင် ● ငါ့မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၂၆၊ ၂၀၁၈

ပြတင်းပေါက်မှာ
ငါ့မြင်ကွင်းနဲ့ ငါရှိနေတုန်း
ဆိုက်ကားတစ်စီးက ငါ့မြင်ကွင်းကိုသယ်သွားခဲ့
ဆိုက်ကားနောက်မှာ ငါ့မြင်ကွင်းဟာမိန့်မိန့်ကြီးထိုင်လို့

သိပ်မကြာဘူး ငါ့မြင်ကွင်းဟာ ပဲပြုတ်တောင်းပေါ် ပါသွားခဲ့
ပဲပြုတ်သည်ရဲ့ ခြေထောက်တွေကို
ပဲပြုတ်ဝယ်တဲ့ ပိုက်ဆံအနွမ်းလေးတွေကို သူကြည့်တယ်

ငါ့မြင်ကွင်းဟာ ဟိုဒီပါသွားရင်း ပတ်ဝန်းကျင်ကိုစူးစမ်းတယ်
အလုပ်ကြမ်းသမားတစ်ယောက်ရဲ့ လွယ်အိတ်ထဲ
ရေနှုတ်မြောင်းရဲ့ ရေစီးတွေပေါ်
ငါ့မြင်ကွင်းဟာ ထပ်လိုက်သွားတယ်
ငါ့မြင်ကွင်းဟာ အုတ်သယ်လိုက် မြစ်ထဲရောက်လိုက်နဲ့
မြစ်ထဲက အမှိုက်တွေပေါ် သူလိုက်သွားသေးတယ်ဆိုပဲ

ငါ့မြင်ကွင်းဟာ ပင်ပန်းကြီးစွာနဲ့ ငါ့ဆ်ီကိုပြန်ရောက်လာ
ဆင်းရဲလွန်းတဲ့အကြောင်းတွေဟာ သူ့ကိုချွေးပြန်စေတေယ်တဲ့
ရုပ်မြင်သံကြားစက်ကိုဖွင့် ငါ့မြင်ကွင်းကို ပြလိုက်တယ်
နိုင်ငံတော်ဟာ ဝတ်ကောင်းစားလှနဲ့ လမ်းလျှောက်နေ
ငါ့မြင်ကွင်းဟာ သက်ပြင်းကိုချ
အခုမှ ကျေနပ်သွားတော့တယ်။

ထက်လူအောင်

Comments