KT# |
နာကျင်မှု သင်္ကေတ
နေစိမ့်
(မိုးမခ) စက်တင်ဘာ ၆၊ ၂၀၁၈
တနေ့နေ့
နှစ်ချို့အဖြစ်အပျက်တွေ
ဘယ်တော့မှ ရန်မလိုတဲ့ တောင်တန်းတွေက
ရယ်မောကြလိမ့်မယ်
မြစ်ဝှမ်းတွေက ပြက်ရယ်ပြုကြလိမ့်မယ်
တဖွဲဖွဲကျနေတဲ့နှင်းခဲတွေက
တမြည့်မြည့်ကြေကွဲနေလိမ့်မယ်။
ဘယ်တော့မှ အိပ်မက် မက်မထားတဲ့
စစ်မဲ့ဇုန်မှာ
ခဏတာတွေ့ဆုံပွဲက
ရှင်ကွဲကွဲ ဇနီးမောင်နှံတွေ
အဖေ အမေသားသမီးမြေးမြစ်တွေ
သွေးရင်းသားရင်းမောင်နှမတွေ
စီးထွေထွေ မျက်ရည်ရေတံခွန်အောက်မှာ
တသက်တာအလုံအလောက်
အလွမ်းမှာအာဟာရဖြစ်ခဲ့ပြီ။
တရားခံအစစ်က
သားဆိပ်တက်နေတဲ့ အာဃာတ
အနှစ်ခုနစ်ဆယ်ကျော်ကျြိာကျိန်စာသင့်နေတဲ့ သွေးလွှတ်ကြောတွေ
ဘယ်တော့မှ ဖြတ်လို့မပြတ်ကြဘူး
နှုတ်ဆက်သံတွေ အဆုံး
"ကိုရီးယား ပြန်ပေါင်းစည်းကြရင် ပြုံယမ်းမှာ
ပြန်ဆုံကြမယ်"
ကန်ဂန်တောင်တန်းရဲ့ နံရံမှာ စိုက်ဝင်ခဲ့တယ်။ ။
နေစိမ့်
၂၀၁၈၊၈၊၂၇
Comments