မျိုးတေဇာမောင် ● အကျဉ်းသား


မျိုးတေဇာမောင် ● အကျဉ်းသား
(မိုးမခ) စက်တင်ဘာ ၉၊ ၂၀၈

"အပြစ်ရှိတယ်'' ဆိုတာ
ဘာကိုဆိုလိုသလဲ သူမ နားမလည်ဘူး။

ကျောင်းသွားတဲ့အခါတိုင်း
အလုပ်သွားတဲ့အခါတိုင်း
အားလပ်ရက် ခရီးထွက်တိုင်း
သူ့ကို သတိပေးနေကျအတိုင်း
"မင်းကို မင်း ဂရုစိုက်နော်'' လို့
ပြောလို့ရမယ့်အချိန်ထိ
ထောင်ဗူးဝမှာ သူမစောင့်နေတယ်။

စကားပြောစင်လေးနောက်မှာ
ယူနီဖောင်းဝတ်တွေ
အခုပြောနေတာ ဘာလဲ သူမ နားမလည်။
သူ့ကို အဲ့ဒီမှာ
တစိမ်းတွေနဲ့အတူတူ ထိန်းသိမ်းထားရမယ်တဲ့
သူတို့သတင်းပို့ကြတယ်။
သူ့အိပ်ရာပေါ်မှာ
သားချော့တေးတွေ သီဆိုနေခဲ့တုန်းမှာတော့
ဝေးနေကြပေမယ့်
သူမ ဘယ်တော့မှအထီးမကျန်ပါဘူး
တနေ့နေ့မှာတော့
အဲ့ဒီ့အေးစက်ပြီး
ပြူတင်းပေါက်မရှိ၊ လမင်းမရှိတဲ့ နေရာကို
သူအဆုံးသတ်နိုင်မှာပါ။

သူမ နားမလည်တာက
အကျဉ်းသားရဲ့အမေ နားမလည်တာက
"ဧည့်တွေ့ချိန်ကုန်ပြီ'' ဆိုတဲ့စကားကြောင့်
ဘာ့ကြောင့်များ သူ့ကို ထားပစ်ခဲ့ရသလဲဆိုတာပဲ။

The Prisoner အား ဘာသာပြန်ပါသည်။

Comments