လူရွှင်တော် တီဗီသရုပ်ဆောင် ဘီကော့စ်ဘီ လိင်ပြစ်မှုနဲ့ ထောင်ကျ


လူရွှင်တော် တီဗီသရုပ်ဆောင် ဘီကော့စ်ဘီ လိင်ပြစ်မှုနဲ့ ထောင်ကျ
ကိုကျော်(မြစ်ကြီးနား) မိုးမခ၊ စက်တင်ဘာ ၂၆၊ ၂၀၁၈

တရားဥပဒေအပေါ် မည်သူမှမရှိ

၂၀၀၄ ခုနှစ်တုန်းက သူ့တပည့်မတစ်ဦးကို ဆေးခတ်ပြီး မတရားပြုကျင့်ခဲ့မှုနဲ့ တရားရင်ဆိုင်နေရတဲ့ အမေရိကန်နာမည်ကြီး လူရွှင်တော် တီဗီသရုပ်ဆောင် Bill Cosby (အသက် ၈၁ နှစ်) ကို ဒီနေ့မှာပဲ တရားရုံးက အပြစ်ရှိကြောင်း စီရင်ချက်ချလိုက်ပြီး ထောင်ဒဏ်ချမှတ်လိုက်ပါတယ်။ ထောင်ဒဏ် ၃ နှစ်နဲ့ ၁၀ နှစ်ကြား ကျခံလိမ့်မယ်လို့ သိရပါတယ်။ ဓာတ်ပုံက ပင်ဆာဗေးနီးယားအကျဉ်းထောင်မှာ ထောင်ဝင်မှတ်တမ်း ရိုက်ထားတဲ့ပုံ ဖြစ်ပါတယ်။ နာမည်ကြီးစဉ်က အခြံအရံတပည့်တပန်းတွေ ပရိသတ်တွေ မီဒီယာတွေနဲ့ ဝန်းရံနေပြီး ရီမောနေတတ်တဲ့ Bill Cosby ဟာ အခုထောင်မှာရိုက်တဲ့ဓာတ်ပုံက ကင်မရာကိုတောင် မကြည့်ဘဲ ခေါင်းစိုက်မျက်လုံးအောက်စိုက်နေခဲ့ပါတယ်။

Comments