မင်းချောမြင့် ● ငါးသေးသေးလေးတွေ မိနေတယ်
(မိုးမခ) စက်တင်ဘာ ၂၅၊ ၂၀၁၈
ရင်းနှီးမြှုပ်နှံမှုဟာ နာကျင်နေစေရတာ မဟုတ်လား
နံရိုးပေါ်မှာ ရေးမိတယ်
ပင်လယ်ရှိဖူးသူအဖြစ်နဲ့ပဲ အသက်ကိုငင်ပါတယ်
တိမ်ကောနေတဲ့ဇာတ်ရုပ်နဲ့ပဲ ဖျော်ဖြေ နေပါတယ်
ပုလင်းတွေ ကျကျနန ကျကွဲနေကြတယ်
အသံတွေပဲ ဖျော်သောက်နေရတယ်
အဆုံးထိလွှင့်တင်ထားမိခဲ့ပြီး
မမြင်ရတော့မှ ဝေးသွားပြီဖြစ်တဲ့အကြောင်း
ကြိုးသေးသေးလေးမှာ
အသက်ကရှိနေပြန်တယ်
မင်းချောမြင့်

Comments