ကျော်စံလှ(ကလေးဝ) - သမုဒ္ဒရာ

သမုဒ္ဒရာ
ကျော်စံလှ(ကလေးဝ)
(မိုးမခ) စက်တင်ဘာ ၁၅၊ ၂၀၁၈

သစ်ခုတ်သမားက
တောကိုသတ်တယ်။

သိုက်ဆရာက
တောင်ကိုဖြိုတယ်။

သဘာဝက
မြစ်ကိုဒဏ်ခတ်တယ်။

မြစ်က
ဆင်းရဲပင်ပမ်းစွာ အသက်ရှူတယ်။

သစ်ဖောင်သမားက
မဝတဝ ဝမ်းစာကို အသက်နဲ့ရင်းတယ်။

ခရိုနီနဲ့ စနစ်ဆိုးဟာ
အဲသည် အောက်စီဂျင်တွေနဲ့
ဆူဖြိုးစွာ ကခုန်ကြတော့တယ်။ ။


Comments