ကေဇွန်နွေး/Myanmar Now - အိမ်ပြန်ချင်သည့် ကချင်တိုင်းရင်းသားဒုက္ခသည်များ (ရုပ်သံ)


ကေဇွန်နွေး (Myanmar Now) ● အိမ်ပြန်ချင်သည့် ကချင်တိုင်းရင်းသားဒုက္ခသည်များ (ရုပ်သံ)
(မိုးမခ) စက်တင်ဘာ ၁ဝ၊ ၂၀၁၈

 

(မိုးညှင်း၊ ကချင်ပြည်နယ်) — လူအများအပြား အိမ်ပြန်လိုပါက အခက်အခဲမရှိ အိမ်ပြန်နိုင်ကြ၏။ ချက်ချင်း မပြန်နိုင်ပါက နာရီပိုင်း သို့မဟုတ် ရက်ပိုင်းသာ စောင့်ဆိုင်းရန် လိုသည်။ အိမ်ပြန်ရေးက ထိုသို့ လွယ်ကူနေသော်လည်း ကချင်ပြည်နယ် မိုးညှင်းမြို့တွင် သောင်တင်နေသည့် ကချင်တိုင်းရင်းသားဒုက္ခသည်များအတွက်မူ ထိုသို့ မလွယ်ကူပေ။


ယာယီစစ်ရှောင်စခန်းသို့ ရောက်နေသည်မှာ ခေတ္တ၊ ယာယီ မကတော့ဘဲ ၆ နှစ်ကျော် လာပြီဖြစ်သည်။ မကြာသေးမီက မိုးညှင်းမြို့ ဘုရားကျောင်းတစ်ခု တွေ့ရသော စစ်ပြေးဒုက္ခသည်တချို့၏ ပုံရိပ်ကို ၂ မိနစ်ကြာ ရုပ်သံတွင် တွေ့ရမည် ဖြစ်သည်။

Comments