ခေတ်ပြိုင် မြန်မာဝတ္ထုရှည်များရဲ့ အလားအလာ အမည်နဲ့ စာပေစကားဝိုင်း Yangon Book Plazaမှာ ပြုလုပ်မယ်

ခေတ်ပြိုင် မြန်မာဝတ္ထုရှည်များရဲ့ အလားအလာ အမည်နဲ့ စာပေစကားဝိုင်း Yangon Book Plazaမှာ ပြုလုပ်မယ်
K
(မိုးမခ) စက်တင်ဘာ ၁၉၊ ၂၀၁၈
 
ငါတို့စာပေမှဦးဆောင်ကျင်းပတဲ့ စာရေးဆရာ၊ ဆရာမများဦးဆောင်ဆွေးနွေးမယ့် ခေတ်ပြိုင်မြန်မာဝတ္ထုရှည်များရဲ့အလားအလာ အမည်နဲ့စာပေစကားဝိုင်းကို ရန်ကုန်မြို့ လမ်းမတော်မြို့နယ်သံဈေးရှိ Yangon Book Plaza မှာ စက်တင်ဘာ၂၃ ရက်နေ့ နေ့ လယ် ၃ နာရီမှ ၅ နာရီထိ ကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်။

အဆိုပါ စာပေစကားဝိုင်းမှာ ဆွေးနွေးမယ့်အကြောင်းအရာကတော့ မြန်မာဝတ္ထုရှည်များရဲ့အလားအလာဖြစ်ပြီး ဦးဆောင်ဆွေး နွေးမယ့်သူကတော့ စာရေးဆရာမကြီးစမ်းစမ်း နွဲ့(သာယာဝတီ)ဖြစ်ပါတယ်။ စကားဝိုင်းမှာ Panelists အဖြစ် စာရေးဆရာမ ချော အိမာန်(မန္တလေး)၊ စံပယ်ဖြူနု၊ ဗြိတိသျှကိုကိုမောင်တို့ဖြစ်ပြီး Moderatorအဖြစ် စာရေးဆရာ မြေမှုန်လွင်က ဆောင်ရွက်သွား မယ်လို့သိရပါတယ်။

တက်ရောက်လာသူများလည်း ပါဝင်ဆွေးနွေးနိုင်ကြောင်း သိရပြီး စာပေဆွေးနွေးပွဲပြုလုပ်ရခြင်းနဲ့ပတ်သက်ပြီး Yangon Book Plaza ပေ့မှာလည်း “တိုင်းပြည်တစ်ပြည်ရဲ့ စာပေဖွံဖြိုးမှူကို တိုင်းတာလေ့လာတဲ့ အခါမှာ အဆိုပါ တိုင်းပြည်ရဲ့ ခေတ်ပြိုင်စာပေ ဖွံဖြိုးမှူ၊ မျိုးဆက်သစ် စာရေးဆရာများ စဉ်ဆက်မပြတ် အောင်မြင်ထွန်းကားမှူ၊ ရသ လုံးချင်း ၀တ္ထုရှည် အသစ်များ ဖတ်ရှုနှူန်း၊ ရောင်းရနှူန်းတွေပေါ် လေ့လာတွက် ချက်လေ့ရှိပါတယ်။ ဒါပေမဲ့ ယနေ့အချိန်မှာတော့ ပြည်တွင်းမှာ ခေတ်ပြိုင်လုံးချင်း ဝတ္ထု ကောင်းတွေ ရှားပါးနေသလို မျိုးဆက်သစ် စာရေးဆရာများလည်း ထွက်ပေါ်လာမှူနှူန်းအလွန် နည်းပါးလျက်ရှိပါတယ်။ 

ဘာကြောင့်များ ဖန်တီးနိုင်မှူ စွမ်းအားတွေ ကျသွားတာလဲ။ ဘယ်လို နည်းလမ်းနဲ့ ခေတ်ပြိုင်ဝတ္ထုစာအုပ်ကြီးတွေ ပေါ်ထွက်လာ အောင် လုပ်ကြမလဲ။ မျိုးဆက်သစ်စာရေးဆရာတွေကို ဘယ်လို ပြုစုပျိုးထောင်ကြမလဲ။ အစရှိသဖြင့်.. ခေတ်ပြိုင် မြန်မာဝတ္ထု ရှည်များရဲ့ အလားအလာဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ကြွရောက်လာတဲ့ စာပေမိတ်ဆွေများလည်း ဝင်ရောက်ဆွေးနွေးလို့ရအောင် စကားဝိုင်းပုံစံ ကျင်းပသွားမှာ ဖြစ်ပါတယ်။ စာပေချစ်မြတ်နိုးသူများ၊ စာပေလောကထဲကို ဝင်ဖို့ ကြိုးစားနေသူများ၊ လေ့လာလိုသူများအတွက် အကျိုးများမယ့် ပွဲလေးတပွဲ ဖြစ်ဖို့ သေချာပါတယ်လို့ပြောဆိုထားပါတယ်

Comments