ရန်ဝင်း(တောင်တခါး) အမေရိကန်နဲ့ မြန်မာက အောင်ဘာလေထီ


ရန်ဝင်း(တောင်တခါး) အမေရိကန်နဲ့ မြန်မာက အောင်ဘာလေထီ
(မိုးမခ) အောက်တိုဘာ ၂၈၊ ၂၀၁၈

အခုတလော အမေရိကန်ပြည်ထောင်စုတ၀ှမ်းလုံး အကြီးအကျယ် အာရုံစူးစိုက် ပြောဆိုနေကြတာတွေအထဲမှာ ထီဖွင့်ပွဲတွေအကြောင်းကလည်း ထိပ်ဆုံးမှာရောက်နေပါတယ်။

ကျွန်တော်တို့မြန်မာပြည်မှာလည်း အောင်ဘာလေ ထီ ဆိုတာ ရှိတာပါပဲ။ အခုလည်း ထီ အမျိုးမျိုး က ရှိနေဆဲလည်းဖြစ်ပါတယ်။ အများအားဖြင့်တော့ မြန်မာ့ထီအမျိုးမျိုးအကြောင်းကို တိတိပပ မသိရှိသူက များပါလိမ့်မယ်။ အဲဒီ မသိကြသူတွေအထဲမှာ ကျွန်တော်လည်း ပါဝင်ပါတယ်။

စာရေးဆရာကြီး ထင်လင်းကျော် လက်ဆောင်ပေးလိုက်တဲ့ သူ့ရဲ့ ၂၀၀၇ ခုနှစ်၊ စာပေဗိမာန်စာမူဆု၊ သုတပဒေသာ (၀ိဇ္ဇာပညာရပ်) ပထမဆုရ စာအုပ်၊ အောင်ဘာလေထီသမိုင်း ကို ဖတ်ရတော့မှ ကျွန်တော်လည်း ဗဟုသုတတွေ တိုးပွားလာခဲ့ရပါတော့တယ်။

ဆရာ့စာအုပ်ပါ အကြောင်းအရာတွေက မှတ်သား၊ ကိုးကား၊ သိမ်းဆည်းထားရမယ့် သမိုင်းဝင်ဖြစ်ပါတယ်။ ဆရာ့စာအုပ်ကို ရှာဖွေဖတ်ရှုကြဖို့ တိုက်တွန်းပါတယ်။ ဒါကြောင့်ပဲ စာအုပ်ရဲ့ သတင်းကိုပဲ ပေးထားပါကြောင်း။

တဆက်တည်းမှာလည်း အမေရိကန်ပြည်ထောင်စုတ၀ှမ်းလုံး စိတ်ဝင်စားနေကြတဲ့ Mega Millions မဲဂါမီလီယံ(စ) နဲ့ Powerball ပါဝါဘော(လ) ထီ နှစ်မျိုးအကြောင်းတွေကိုလည်း အကျဉ်းအားဖြင့် တင်ပြလိုက်ပါတယ်။

Mega Millions မဲဂါမီလီယံ(စ) ထီ ကို ၁၉၆၆ ခုနှစ်မှာ The Big Game/ The Big Game Mega Millions ပြည်နယ် ၆ ခု မှာ စတင်ခဲ့ပြီး ဒီကနေ့မှာတော့ ပြည်နယ်ပေါင်း ၄၄ ခု မှာ ထိုးနိုင်ပါတယ်။ Mega Millions မဲဂါမီလီယံ(စ) ထီ ကို တပတ်မှာ နှစ်ကြိမ်၊ 11 p.m. Eastern Time on Tuesday and Friday evenings အင်္ဂါနေ့ နဲ့ သောကြာနေ့ အရှေ့ပိုင်းဒေသ စံတော်ချိန် ည ၁၁ နာရီမှာ ဖွင့်လှစ်ပါတယ်။

ထီလက်မှတ်တစောင်ကို ၂ ဒေါ်လာနဲ့ ရောင်းပါတယ်။ Corner Store လမ်းထောင့်ဆိုင်ကလေးတွေကအစ Shopping Center တွေထဲက ဆိုင်တော်တော်များများမှာရနိုင်ပါတယ်။

သမိုင်းကြောင်းမှာ အမြင့်ဆုံး၊ အများဆုံး Mega Millions မဲဂါမီလီယံ(စ) ထီ ကို ပေါက်ဖူးတာကတော့ ပြီးခဲ့တဲ့ October 23, 2018 အောက်တိုဘာ ၂၃ နေ့ကဖွင့်လှစ်ခဲ့တဲ့ $1.537 billion ဒေါ်လာ ၁.၅၃၇ ဘီလီယံ ပေါက်မဲဖြစ်ပါတယ်။ South Carolina တောင် ကရိုလိုင်းနားပြည်နယ် မှာ နေသူက တဦးတည်းပေါက်သွားတာပါ။

Powerball ပါဝါဘော(လ) ထီကို ပြည်နယ်ပေါင်း ၄၄ ပြည်နယ်မှာ ထိုးနိုင်ပါတယ်။ သူကလည်း ပုံမှန်ရိုးရိုး တစောင်ကို ၂ ဒေါ်လာနဲ့ ထိုးရပါတယ်။

Powerball's minimum advertised jackpot is $40 million (annuity); အမြင့်ဆုံး ပေါက်မဲကအမေရိကန်ဒေါ်လာ သန်း ၄၀ ထက်မနည်းစေရဘူးလို့ ကြော်ငြာပါတယ်။

Powerball ပါဝါဘော(လ) ထီကို တပတ်မှာ နှစ်ကြိမ်၊ Wednesday and Saturday evening at 10:59 p.m. Eastern Time. ဗုဒ္ဓဟူးနေ့ နဲ့ စနေနေ့ အရှေ့ပိုင်းဒေသ စံတော်ချိန် ည ၁၀ နာရ၊ ၅၅ မိနစ် မှာ ဖွင့်လှစ်ပါတယ်။

သမိုင်းကြောင်းမှာ အမြင့်ဆုံး၊ အများဆုံး Powerball ပါဝါဘော(လ) ထီကို ပေါက်ဖူးတာကတော့ January 13, 2016 မှာဖွင့်လှစ်ခဲ့တဲ့ အမေရိကန်ဒေါ်လာ $1.586 billion ၁.၅၈၆ ဘီလီယံ ဖြစ်ပါတယ်။

ထီပေါက်သူတွေက California ပြည်နယ်က တဦး၊ Tennessee တနက်ဆီ ပြည်နယ်က တဦး၊ Florida ဖလော်ရီဒါ ပြည်နယ်က တဦး၊ စုစုပေါင်း ၃ ဦး ဆိုတော့ ၃ ဦး အညီအမျှခွဲဝေပေးခဲ့ပါတယ်။

အခု လာမယ့် Mega Millions က $45 Million, Powerball က $750 Million ဆိုတော့ ထီဖွင့်ပွဲရက်တွေကို စောင့်မျှော်ရင်းနဲ့ ထီထိုးထားသူတွေက စိတ်ကူးယဉ်နေကြပါပြီ။

Mega Millions: Next Drawing
Tuesday, Oct 30
Current Jackpot Is
$45 Million
Draw Days: Tuesdays and Fridays
Draw Closes At: 10:45 PM
Draw Time: 11:00 PM


Powerball: Next Drawing
Saturday, Oct 27
Current Jackpot Is
$750 Million
Draw Days: Wednesdays and Saturdays
Draw Closes At: 10:00 PM
Draw Time: Approximately 10:59 PM

ဓါတ်ပုံ။ ။ အောင်ဘာလေထီသမိုင်း၊ ထင်လင်းကျော်
၂၀၀၇ ခုနှစ်၊ စာပေဗိမာန်စာမူဆု
သုတပဒေသာ (၀ိဇ္ဇာပညာရပ်) ပထမဆု။

Comments