"သံသရာ ရေစီး " အမည်ပေးထားတဲ့ ပန်းချီကျော်ကျော်လွင်ရဲ့ပထမဦးဆုံး တစ်ကိုယ်တော် ပန်းချီပြပွဲ



"သံသရာ ရေစီး " အမည်ပေးထားတဲ့ ပန်းချီကျော်ကျော်လွင်ရဲ့ပထမဦးဆုံး တစ်ကိုယ်တော် ပန်းချီပြပွဲ
K (မိုးမခ) အောက်တိုဘာ ၂၀၊ ၂၀၁၈


လူငယ်ပန်းချီဆရာ ကျော်ကျော်လွင်ရဲ့"သံသရာ ရေစီး” အမည်ပေးထားတဲ့ တစ်ကိုယ်တော် ပန်းချီပြပွဲကို ရန်ကုန်မြို့ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်း အမှတ် (၁၇)ရှိ အလှသစ်ပန်းချီပြခန်းမှာ အောက်တိုဘာ ၂၀ရက်မှ ၂၄ရက်ထိ ပြသသွားမယ်လို့သိရပါတယ်။

ယခုပြုလုပ်တဲ့ Current Of Samsara တကိုယ်တော်ပန်းချီပြပွဲဟာ ပန်းချီကျော်ကျော်လွင်ရဲ့ ပထမဦးဆုံးအကြိမ်ဖြစ်ပြီး ငါးရက်တိုင်တိုင် ပြပွဲချိန်အတွင်း မနက် ၁၀ နာရီမှ ညနေ ၅နာရီ ထိပြသသွားမယ်လို့သိရပါတယ်။

ပြပွဲပြုလုပ်ရခြင်းနဲ့ပတ်သက်ပြီး ပန်းချီဆရာကျော်ကျော်လွင်က “ ရည်ရွယ်ချက်ကတော့ ကျနော့်ရဲ့ပထမဆိုလိုပေါ့ဗျာ။ လုပ်ချင်လို့ လုပ်ဖြစ်သွားတဲ့ပွဲလေးပေါ့။ ဖြစ်အောင်လုပ်ဖို့ရည်ရွယ်ထားတာတော့ ၂နှစ် ၃နှစ်လောက်ရှိနေပြီ။ မီဒီယံကတော့ အခရိုင်းလစ်နဲ့ဆွဲထားတာ။ ပြသမယ့်ကားအရေအတွက်ကတော့ ၃၉ ကားပါ မယ်။ ပန်းချီကို ၁၄နှစ်သားလောက်ကတည်းက ရန်ကုန်ပန်းချီကျောင်းရောက်တာလေ။ ၁၈နှစ်လောက်မှာ ပန်းချီကျောင်းဆင်းတာ၊ အဲဒီကနေ တောက်လျှောက် ပေါ့။ ခုချိန်ထိ ပန်းချီတခုတည်းနဲ့ အသက်ရှင်နေတာပေါ့။ ၂၀၁၈မတိုင်ခင် အထိ အုပ်စုလိုက်ပြပွဲတွေ ပြသခဲ့တယ်။ တကိုယ်တော် အနေနဲ့က ဒါ ပထမဆုံးပေါ့။ အုပ်စုလိုက်တွေကတော့ တော်တော်များတယ်။ ပွဲ ၄၀ကျော်တယ်။ ကျနော်ကတော့ လာကြည့်စေချင်တယ်။ လူကြီး လူငယ်ပေါ့။ ကိုယ်လုပ်ထားတာတွေကို မြင် တွေ့စေချင်တာပေါ့”လို့ ပြောပြပါတယ်။

Comments