လင်းသစ်နီ ● ကန္တာရရဲ့ ဆောင်းရာသီ
(မိုးမခ) အောက်တိုဘာ ၂၉၊ ၂၀၁၈
နာကျင်မှုဆိုတာ
ပိုလျှံနေတဲ့ သောကပဲ
မျက်နှာပေါ်က အပြုံးကို အရသာခံရင်း
နေ့သစ်တစ်ခုကို အထူးပြုတယ်
ဗြောင်ကျကျစော်ကားမှုများ ကားစင်တင်ထားလည်း
လေတိုက်ခပ်နှုန်းပေါ်မှီပြီး
နာဖျားနေတဲ့ နာရီလက်တံပေါ်မှာ ငြီးငွေ့နေရတဲ့
ဖြစ်ခြင်းပျက်ခြင်းများ
စွန့်ပစ်ထားတဲ့ အတွေးအခေါ်သစ်တွေနဲ့ ရှင်သန်ရတာ
နောင်တကမရှိလှဘူး
နှင်းတွေကတော့
ညဝတ်ရည်တပိုင်းတစနဲ့
ချယ်ရီပွင့်တွေ ချောင်းတဟွတ်ဟွတ် ပြုလို့
အဆုတ်တခြမ်းက
ဝရံတာဘက်ကို လဲပြိုကျသွား
အားနာလိုက်တာ
ကျနော့် စိတ်နားမှာ ကမ်းကပ်ခဲ့သော
အမည်ဖော်မရတဲ့ အသံပေးခြောက်လန့်မှုဟာ
ဘယ်သူ့အရိပ်ရဲ့ စီးဆင်းစိတ်များလဲ
စိမ့်ဝင်နေတဲ့ သဲကျင်းလေးရဲ့ ဒုက္ခလောင်စာမှာ
ခရီးတွေက ပုပြီး
လမ်းတွေက ရှည်လျား
ခြေဖျားထောက် အစပြုရတဲ့ စီးဆင်းမှုဟာ
နှင်းတွေက ရှုခင်းကို
ဝင်းမှဲ့ဖို့ပါပဲ
ဝင်လာတဲ့လေက အဖြစ်မရှိတော့
ထွက်လာတဲ့လေကလည်း ဆွေးဆွေးမြေ့မြေ့
ကြယ်ကြွေညက မီးအိမ်ကိုင်ပြီး
လမင်းကို မျှော်ခဲ့တယ်။
လင်းသစ်နီ
(မိုးမခ) အောက်တိုဘာ ၂၉၊ ၂၀၁၈
နာကျင်မှုဆိုတာ
ပိုလျှံနေတဲ့ သောကပဲ
မျက်နှာပေါ်က အပြုံးကို အရသာခံရင်း
နေ့သစ်တစ်ခုကို အထူးပြုတယ်
ဗြောင်ကျကျစော်ကားမှုများ ကားစင်တင်ထားလည်း
လေတိုက်ခပ်နှုန်းပေါ်မှီပြီး
နာဖျားနေတဲ့ နာရီလက်တံပေါ်မှာ ငြီးငွေ့နေရတဲ့
ဖြစ်ခြင်းပျက်ခြင်းများ
စွန့်ပစ်ထားတဲ့ အတွေးအခေါ်သစ်တွေနဲ့ ရှင်သန်ရတာ
နောင်တကမရှိလှဘူး
နှင်းတွေကတော့
ညဝတ်ရည်တပိုင်းတစနဲ့
ချယ်ရီပွင့်တွေ ချောင်းတဟွတ်ဟွတ် ပြုလို့
အဆုတ်တခြမ်းက
ဝရံတာဘက်ကို လဲပြိုကျသွား
အားနာလိုက်တာ
ကျနော့် စိတ်နားမှာ ကမ်းကပ်ခဲ့သော
အမည်ဖော်မရတဲ့ အသံပေးခြောက်လန့်မှုဟာ
ဘယ်သူ့အရိပ်ရဲ့ စီးဆင်းစိတ်များလဲ
စိမ့်ဝင်နေတဲ့ သဲကျင်းလေးရဲ့ ဒုက္ခလောင်စာမှာ
ခရီးတွေက ပုပြီး
လမ်းတွေက ရှည်လျား
ခြေဖျားထောက် အစပြုရတဲ့ စီးဆင်းမှုဟာ
နှင်းတွေက ရှုခင်းကို
ဝင်းမှဲ့ဖို့ပါပဲ
ဝင်လာတဲ့လေက အဖြစ်မရှိတော့
ထွက်လာတဲ့လေကလည်း ဆွေးဆွေးမြေ့မြေ့
ကြယ်ကြွေညက မီးအိမ်ကိုင်ပြီး
လမင်းကို မျှော်ခဲ့တယ်။
လင်းသစ်နီ
Comments