တင်လတ်ကို - ကျန်ရစ်သူမိသားစု ၃



တင်လတ်ကို  - ကျန်ရစ်သူမိသားစု ၃ 

(မိုးမခ) အောက်တိုဘာ ၁၆၊ ၂၀၁၈

လက်နက်ချ
အညံ့ခံတာ မဟုတ်သော်ငြား
သတိရ။

ရှေုးဖြစ်ဟောင်းအောက်မေ့ဖွယ်ရာတွေက
နာကျင်မှုခဏသက်သာရာရ၊

ဓာတ်ပုံလေးထောင်ထားတယ်
ပန်းအိုးလေး ရှေ့ချထားတယ်
ရည်စူးပြီး
အစားအသောက်တွေ ကျွေးထားတယ်။

ရက်လည်မှ
ကွယ်လွန်သူ ကမ္ဘာကြီးဖြစ်ကြောင်းသိကြ။

ဖြေလို့မရ
ဖြည့်လို့မရတော့ ။ ။

Comments