
ထက်လူအောင် ● နှစ်လေးဆယ်ကျော်က လက်ဖက်ရည်ခွက်များ
(မိုးမခ) အောက်တိုဘာ ၁၁၊ ၂၀၁၈
ဘယ်နေ့တွေ ပြန်မိမလဲလို့
မျှားမျှားကြည့်ကြတယ်
ပင်စင်စားအဘိုးကြီးတွေထိုင်တဲ့
လက်ဖက်ရည်ဆိုင်ရှေ့က
မဆလခေတ်ရဲ့ အကြွင်းအကျန်နေရောင်တွေ
သူတို့မျှားလို့မိတဲ့နေ့တွေကို
သူတို့မြေးလေးတွေက ပြန်ပြန်သိမ်းသွားတယ်
စက္ကူဖိုင်တွေထဲ ပြန်ရှာလို့မရတော့တဲ့
ဇရာရဲ့အမိန့်နဲ့ ညွှန်ကြားချက်တွေ
ညနေရယ် တုတ်ကောက်ရယ်
လမ်းလျှောက်ဖော်ရယ်
နေဝင်ချိန်တိုင်း ကောင်းကင်ကိုကြည့်ရင်း
စာရေးစားပွဲတွေပေါ် နှစ်လေးဆယ်နီးပါးလောက်
အိပ်ပျော်ခဲ့တဲ့ အကြောင်းတွေကို
သူတို့အချင်းချင်း ပြောကြရင်း
ရယ်မောနေကြ ဝမ်းနည်းနေကြပေါ့။
(ထက်လူအောင်)
(မိုးမခ) အောက်တိုဘာ ၁၁၊ ၂၀၁၈
ဘယ်နေ့တွေ ပြန်မိမလဲလို့
မျှားမျှားကြည့်ကြတယ်
ပင်စင်စားအဘိုးကြီးတွေထိုင်တဲ့
လက်ဖက်ရည်ဆိုင်ရှေ့က
မဆလခေတ်ရဲ့ အကြွင်းအကျန်နေရောင်တွေ
သူတို့မျှားလို့မိတဲ့နေ့တွေကို
သူတို့မြေးလေးတွေက ပြန်ပြန်သိမ်းသွားတယ်
စက္ကူဖိုင်တွေထဲ ပြန်ရှာလို့မရတော့တဲ့
ဇရာရဲ့အမိန့်နဲ့ ညွှန်ကြားချက်တွေ
ညနေရယ် တုတ်ကောက်ရယ်
လမ်းလျှောက်ဖော်ရယ်
နေဝင်ချိန်တိုင်း ကောင်းကင်ကိုကြည့်ရင်း
စာရေးစားပွဲတွေပေါ် နှစ်လေးဆယ်နီးပါးလောက်
အိပ်ပျော်ခဲ့တဲ့ အကြောင်းတွေကို
သူတို့အချင်းချင်း ပြောကြရင်း
ရယ်မောနေကြ ဝမ်းနည်းနေကြပေါ့။
(ထက်လူအောင်)
Comments