မင်းချောမြင့် ● ကျွတ်​​တော့မယ့်​ လ

 မင်းချောမြင့် ● ကျွတ်​​တော့မယ့်​ လ
(မိုးမခ) အောက်တိုဘာ ၁၈၊ ၂၀၁၈

မနက်​ဖြန်​က စ​ရေ ရမယ်
လပြည့်ညဆို​တော့
ကြည်​​တော့ ကြည်​ညိုရမယ်
သေနတ်​ကိုင်​ပြီး ကာကွယ်​တာနဲ့ လုံ​လောက်​ပါပြီလား
မက်​​ဆေ့တွေ ဘ​လော့ထားရုံနဲ့ သတိရမှုကို ထိန်းထားနိုင်​ပြီလား
အချိန်​မ​ရွေး ကွယ်​လွန်​နိုင်​တယ်
ကမ္ဘာကြီးက လည်​ပတ်​​နေတယ်
ထောင့်​ကျဉ်းများဟာ ၉၀ ဒီဂရီ​အောက်​​မှာ
အသက်​ရှူမှု​တွေကို စမ်းသပ်​တယ်
ဝယ်​ယူနိုင်​စွမ်းအားဟာ ​လျော့ကျလာတယ်
သူစိမ်း တွေကြား သယံဇာတ ​တွေ ရှားပါးလာ
အသက်​လည်း ရှင်​​အောင်​ ​မွေးမြူရတာပဲ
ဆန္ဒ​တွေ နည်းလာတယ်
ခံစစ်​​စည်း​တွေ ပါးလာတယ်
ပြောကြားသွားကြပြီး ပြီးဆုံးသွားကြတာ
၎င်း လတွေပါပဲ။

မင်း​ချောမြင့်

Comments