(မိုးမခ) အောက်တိုဘာ ၂၈၊ ၂၀၁၈
မျက်လုံးတွေ
အချင်းချင်း ဆုံတဲ့အခါ ကြည်နူးရ
နှုတ်ခမ်းတွေ
အချင်းချင်း ဆုံတဲ့အခါ ရွှင်ပြရ
နားတွေ
အချင်းချင်း ဆုံတဲ့အခါ ချမ်းမြေ့ရ
လည်တွေ
အချင်းချင်း ဆုံတဲ့အခါ ၀မ်းသာရ
ရင်ဘတ်တွေ
အချင်းချင်း ဆုံတဲ့အခါ နားလည်ရ
လက်တွေ
အချင်းချင်း ဆုံ၊ ချုပ်ချယ်စိုးမိုးနေရင်
ခြေတွေ
အချင်းချင်း ရှုပ်၊ လမ်းမတွေ့တော့ဘူး။
ကမ္ဘာ
လုံးဝန်းလာတယ်။
Comments