ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ
(မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈
မိုးမခစာအုပ်တိုက်က စီစဉ်ထုတ်ဝေပြီး ဆိပ်ကမ်းသာစာပေက ဖြန့်ချိတဲ့ စာရေးဆရာမ ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီခံစားမှု ဆောင်းပါးစာအုပ်ထွက်ပါပြီ။ ပန်းချီကားဓာတ်ပုံများ အားလုံးကို ကာလာနဲ့ ရိုက်နှိပ်ထားတဲ့အတွက် ပန်းချီကားကို ပြတိုက်မှာ သွားကြည့်မြင်ရတဲ့အတိုင်း ခံစားနိုင်မှာ ဖြစ်ပါတယ်။
ဆိပ်ကမ်းသာစာပေ – အမှတ် ၁၃ / ၃၈ လမ်း။ ပလာဇာဈေးသစ် ။ ၀၉ ၇၈၆၈၃၇ ၃၀၅ / ၀၉ ၉၆၃၆၉၉၈၃၄ ကို တိုက်ရိုက်ဆက်သွယ် မှာယူနိုင်ပါတယ်။
စာမျက်နှာ ၁၃၀ ခန့် ရှိပြီး တအုပ်လုံး ဆေးရောင်စုံ၊ တန်ဖိုး ၄၅၀၀ ကျပ် ဖြစ်ပါတယ်။ တအုပ်ချင်း စာတိုက်ကနေ မှာယူသူများအတွက် ၂၀% ဈေးလျော့ပြီး စာတိုက်ပို့ခ ၁ထောင်ကျပ် ထပ်ဆောင်းပေးရန်သာ လိုပါတယ်။ ဒါကြောင့် အထူးဈေး တအုပ်ချင်းတိုက်ရိုက်မှာလျင် ၄၆၀၀ ကျပ် သာ ကျသင့်ပါတယ်။
Comments