အမေရိကန်တွေ အသက်ရှည်မှုနှုန်း ကျဆင်းလာဟု ဆို


အမေရိကန်တွေ အသက်ရှည်မှုနှုန်း ကျဆင်းလာဟု ဆို
(မိုးမခ) အောက်တိုဘာ ၂၃၊ ၂၀၁၈

၂၀၁၆ စစ်တမ်းကောက်ယူမှုအရ နိုင်ငံ ၁၉၅ နိုင်ငံထဲမှာ အမေရိကန်က အဆင့် ၄၃ နဲ့ ပျမ်းမျှသက်တမ်း ၇၈.၇ နှစ် အသက်ရှည်မှု ရှိခဲ့ပါတယ်။ အခု နောက်စစ်တမ်းဟောကိမ်းမှာတော့ဖြင့် ၂၀၄၀ ခုနှစ်၊ အမေရိကန်သက်တမ်းက ၇၉.၈ နှစ်သာ ရှိတော့မယ်ဖြစ်ပြီး ၁၉၅ နိုင်ငံစာရင်းမှာ အဆင့် ၆၄ အထိ (၂၁ နေရာ) ကျဆင်းသွားပါတယ်။ စာရင်းထုတ်ပြန်သူကတော့ Institute for Health Metrics and Evaluation - ကျန်းမာရေးဇယားနဲ့ စစ်တမ်း ဌာန ဖြစ်ပါတယ်။

ဝင်ငွေမြင့်မားတဲ့နိုင်ငံတွေကြားထဲမှာ အမေရိကန် သက်ရှည်နှုန်းကျဆင်းတာ အများဆုံးဖြစ်ပါတယ်။ အမေရိကန်တွေသက်တမ်းဟာ ၀င်ငွေအနည်းပါးဆုံး ဘင်္ဂလားဒေ့ခ်ျနိုင်ငံထက် နည်းနည်းလေးပဲ သာပါတယ်။ ၂၀၄၀ ဟောကိန်းအရဆိုရင် ဘင်္ဂလားဒေ့ခ်ျတောင်မှ မူလသက်တမ်းထက် ၆.၇ နှစ် ပိုရှည်လာသေးတယ်လို့ ဆိုပါတယ်။

ကမ္ဘာကြီးနဲ့ ယှဉ်ရင် နယ်ပယ်အသီးသီးမှာ သူများထက် တိုးတက်ထွန်းကားလှတဲ့ အနောက်နိုင်ငံများ သက်ရှည်မှု ကျဆင်းလာပါတယ်။

တရုတ်ပြည်က ၂၀၁၆ တုန်းက သက်တမ်း ၇၆.၃ နှစ် သက်ရှည်မှုနှုန်း ရှိပြီး ၂၀၁၄ ကျရင် ၈၁.၉ နှစ်အထိ တိုးလာလို့ အဆင့် ၆၈ ကနေ ၃၉ အထိ တိုးလာမယ်ဖြစ်ပါတယ်။ တရုတ်ဟာ ထိပ်ဆုံးအသက်ရှည်ဆုံး အဆင့် ၄၀ နိုင်ငံတွေထဲကို ထိုးဖောက်ဝင်ရောက်လာပြီး မူလသက်ရှည်နိုင်ငံတွေဖြစ်တဲ့ ကူဝိတ်၊ ထိုင်ဝမ်၊ မော်လဒိုက်တို့ကတော့ အဆင့် ၄၀ ကနေ လျောကျသွားပါတယ်။

၂၀၁၆ စစ်တမ်းတုန်းက အဆင့် ၄ နဲ့ စပိန်နိုင်ငံဟာ ၂၀၁၄ မှာ ဂျပန်ထက် ပိုပြီး သက်ရှည်တမ်းထဲ ၀င်လာမယ်တဲ့။ ၈၅ နှစ် အထက် သက်တမ်းအုပ်စုထဲမှာ စင်ကာပူနဲ့ ဆွစ်ဇာလန်က ထိပ်ပြေးနေပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံဟာ ၂၀၅၀ မှာ တတိယလူဦးရေအများဆုံးနိုင်ငံဖြစ်လာမယ်၊ ပြီးတော့ ၂၁၀၆ စစ်တမ်းတုန်းက အဆင့် ၁၅၇ ကနေ ၂၀၄၀မှာ အဆင့် ၁၂၃ ကို တက်လာမယ် ဆိုပါတယ်။

စစ်တမ်းထုတ်တဲ့ ဌာနက ပညာရှင်ပြောတာကတော့ အနာဂတ်ကမ္ဘာကျန်းမာရေးကို ဟောကိန်းထုတ်ရတာ တထစ်ချချည်း မှန်ရမယ် မဟုတ်ပါဘူး။ ဖြစ်နိုင်တဲ့ မှန်းဆချက်တွေက အများကြီး ရှိပါတယ်။ ဒါပေမယ့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေ ဘယ်လောက် ကောင်းလာတယ် ဆိုးလာတယ်ပေါ်မူတည်ပြီးတော့ တွက်ချက်တာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။

လူတွေရဲ့ သက်ရှည်ကျန်းမာမှု မှန်းဆချက်ကို တွက်ချက်ရာမှာ အဓိက ၅ ချက်ကတော့ သွေးတိုး၊ အ၀လွန်ခြင်း၊ သွေးချိုနှုန်းမြင့်မားမှု၊ ဆေးလိပ်သောက်ခြင်းနဲ့ အရက်သောက်မှုတို့ ဖြစ်ပါတယ် တဲ့။ လေထုညစ်ညမ်းမှုဟာ သော့ချက်အဆင့် ၆ မှာ ရှိပါတယ်။ WHO ဆိုတဲ့ ကမ္ဘာ့ကျန်းမာရေးဌာနက ဒီလကုန်မှာ လေထုညစ်ညမ်းမှုနဲ့ ကျန်းမာရေး ညီလာခံကို ပထမဆုံးအကြိမ် ကျင်းပမယ်လို့ ဆိုပါတယ်။ ကမ္ဘာမှာ လေထုညစ်ညမ်းလို့ တနှစ်ကို လူဦးရေ ၇ သန်းနှုန်း သေဆုံးလျက် ရှိပါတယ်။

Source - Bloomberg


Comments