နိုင်ငံရေးအကျဉ်းသား ကိုသက်ဝင်းအောင် ကွယ်လွန်ခြင်း(၁၂)နှစ်ပြည့် ကောဝီဒါရာမကျောင်းတိုက်မှာ ကျင်းပမည်



နိုင်ငံရေးအကျဉ်းသား ကိုသက်ဝင်းအောင် ကွယ်လွန်ခြင်း(၁၂)နှစ်ပြည့်  ကောဝီဒါရာမကျောင်းတိုက်မှာ ကျင်းပမည်
K (မိုးမခ) အောက်တိုဘာ ၁၄၊ ၂၁၀၈


၂၀၀၆ခုနှစ် မန္တလေးအိုဘိုအကျဉ်းထောင်တွင်း ကွယ်လွန်ခဲ့တဲ့ ၈၈မျိုးဆက် နိုင်ငံရေးအကျဉ်းသား ကိုသက်ဝင်းအောင် ကွယ်လွန်ခြင်း(၁၂)နှစ်ပြည့် အမှတ်တရ အခမ်းအနားကို ရန် ကုန်မြို့ တာမွေမြို့နယ် သံလမ်းမှတ်တိုင်၊ တာမွေလေး၊ သိဂီ င်္ရွှေဝါလမ်း၊ ကောဝီဒါရာမကျောင်းတိုက်မှာ အောက်တိုဘာ ၁၆ရက် နံနက် ၁၁နာရီ မှ ၁ နာရီထိ ကျင်းပပြုလုပ်သွား မယ်လို့ သိရပါတယ်။

ကိုသက်ဝင်းအောင်ဟာ ၁၉၉၈ စက်တင်ဘာလမှာ ပြည်သူ့လွှတ်တော်ခေါ်ယူရေး လူထုလှုပ်ရှားမှုတွင်ပါဝင်လှုပ်ရှားခဲ့သည့်အတွက် စစ်ထောက်လှမ်းရေးမှဖမ်းဆီးခဲ့ပြီး ၁၉၉၉ ဇန်န ဝါရီလတွင် ထောင်ဒဏ် ၄၃နှစ်ချမှတ်ခံခဲ့ရကာ အင်းစိန်အကျဉ်းထောင်မှ ကလေးအကျဉ်းထောင်သို့ ပြောင်းရွှေ့ခံခဲ့ရပါတယ်။ ကလေး အကျဉ်းထောင်တွင် မူလချမှတ်ခဲ့သော ထောင်ဒဏ် ၄၃နှစ်အပြင် ၁၄နှစ်ထပ်မံတိုးပြီး ၅၇နှစ်ချခံခဲ့ရပါတယ်။ ထောင်တွင်း ဖိနှိပ်မှုများကို ဆန့်ကျင်သည့်အနေဖြင့် အစာငတ်ခံဆန္ဒပြခဲ့ပြီး ထောင်ဒဏ်တနှစ် ထပ်မံတိုး၍ ခန္တီးထောင်သို့ပြောင်း ရွှေ့ခံခဲ့ရပါတယ်။ ၂၀၀၆ အောက်တိုဘာ ၁၆ရက် နံနက် ၇ နာရီ ၄၀ မိနစ် အသက် ၃၅ နှစ်အရွယ်မှာ မန္တလေးအိုးဘိုအကျဉ်းထောင်တွင် သေဆုံးခဲ့ရပါတယ်။

သူကွယ်လွန်ပြီးနောက် ကိုသက်ဝင်းအောင်အထိမ်းအမှတ်စာကြည့်တိုက်ကို ၁၂.၁၂.၂၀၁၂ ခုနှစ်မှာ ကိုသက်ဝင်းအောင်ကိုချစ်ခင်သော သူငယ်ချင်းမိတ်ဆွေများက စုပေါင်း အလှူငွေထည့်ဝင်ပြီး စတင်တည်ထောင်ခဲ့ကြပါတယ်။ ကိုသက်ဝင်းအောင်အထိမ်းအမှတ်စာကြည့်တိုက်ကို အမှတ်(၁၀၆)၊ အောင်မင်္ဂလာလမ်း၊ ကျောက်မြောင်း၊ တာမွေမြို့ နယ်မှာဖွင့်လှစ်ထားပြီး ပုံမှန်ပိတ်ရက်မရှိ ညနေ ၅ နာရီမှ ၈ နာရီထိ ငှားရမ်းပေးနေတယ်လို့သိရပါတယ်။

ကိုသက်ဝင်းအောင်အကြောင်း
~~~~~~~~~~~~~~~~

ကိုသက်ဝင်းအောင်ဟာ ၈၈ ကိုဖြတ်သန်းစဉ်က အခြေခံကျောင်းသားအရွယ်ပင်ရှိသော်လည်း အခြေခံကျောင်းသားသမဂ္ဂ(အ.က.သ)ဆိုပြီး စနစ်သစ်တစ်ခုကို ပြောင်းလဲဖို့အတွက် ပါဝင်ခဲ့ကြသော လူငယ်ကျောင်းသားများထဲမှစိတ်ဓာတ်အလွန်ပြင်းထန်သော ကျောင်းသားတစ်ယောက်ဖြစ်ပါတယ်။

ကိုသက်ဝင်းအောင်….ကို အဖ ဦးဝင်းမောင်၊ အမိ ဒေါ်မြမြအေးတို့၏ မွေးချင်း ၆ယောက်မှ…အငယ်ဆုံးသား….၁၉၇၁…သြဂုတ်လ….၂၇မှာ ဖွားမြင်ပါတယ်။ အ.ထ. က(၅) တာမွေမှ…နဝမတန်း ကျောင်းသား…ကိုသက်ဝင်းအောင်သည်….၁၉၈၈..မတ်လ ၁၃ရက်…စက်မှုတက္ကသိုလ်ကျောင်းသား…ကိုဖုန်းမော်ကျဆုံးခြင်းကြောင့်…ကျောင်း သားတို့၏ နစ်နာချက်များကို…တက္ကသိုလ်ကျောင်းသားများနှင့်ပူးပေါင်းဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်၌ ဖြစ်ပွားနေသော ကျောင်းသားလှုပ်ရှားမှုများတွင် ပါဝင်ခဲ့ပါတယ်။ ဆန္ဒပြပွဲများနှင့် တာမွေမြို့နယ် အ.ထ.ကကျောင်းများ အစာငတ်ခံ တိုက်ပွဲဝင်ရာ၌လည်းဦးဆောင်ပါဝင်ခဲ့ပါသည်။

၁၉၉၀ခုနှစ်မှာ မန္တလေးတွင် ကျောင်းသား ညီလာခံကျင်းပရာ မန္တလေးကျောင်းသားညီလာခံကို တက်ရောက်မှုကြောင့် ခေတ္တထိန်းသိမ်းခံခဲ့ရပါတယ်။ ၁၉၉၁ ဒီဇင်ဘာ ၁၀ရက် နေ့ နိုဘယ်ဆု အရေးတော်ပုံ ကျောင်းသားတိုက်ပွဲတွင် ပါဝင်လှုပ်ရှားခဲ့ပြီး ၁၉၉၁တွင် သူ၏အကိုတစ်ယောက် ဆုံးပါးသွားခဲ့ရာ ကျောင်းသားများ လိုက်လံပို့ဆောင်မှုကို အကြောင်းပြုပြီး ရဲများဖမ်းဝရမ်းထုတ် သောကြောင့် ရှောင်တိမ်းခဲ့ရာမှ သီတင်းကျွတ်ပွဲတော် တရက်တွင် ပြည်ပမှဝင်ရောက်လာသော ကျောင်းသာတစ်ဦးနှင့် ဆက်သွယ်သည်ဆိုပြီး အဖမ်းခံခဲ့ရ ပါတယ်။ ဧပြီလတွင် ပြန်လည်လွှတ်ပေးခဲ့သော်လည်း ထောင်တွင်း ရိုက်နှက်နှိပ်စက်မှုဒဏ်ကြောင့် ဆေးကုသမှုခံယူခဲ့ရပါတယ်။ ထို့နောက်တွင် သထုံ၊ ပခုက္ကူ၊ မြင်းခြံမြို့များသို့ သွားရောက်တိမ်းရှောင်နေခဲ့ပြီး ဘာသာရေးလုပ်ငန်းများ ဘုရားတည်ခြင်းတို့ကို လုပ်အားဖြင့်ကုသိုလ်ပြုခဲ့ပြီး ပုပ္ပါးတောင်ကလပ်ရှိ ဆရာတော်တပါးထံတွင် ရဟန်းဝတ် တရားဘာဝ နာ အားထုတ်ခဲ့ပါတယ်။

၁၉၉၄ -၉၅ ခုနှစ်များတွင် ရန်ကုန်မြို့သို့ပြန်လာခဲ့ပြီး ဆရာကြီး ဦးဂိုအင်ဂါ တရားစခန်းများသို့ ဝင်ရောက်ဝိပဿနာတရား အားထုတ်ခဲ့ပြန်ပါတယ်။ ၁၉၉၆ ခုနှစ်ဒီဇင်ဘာ ၂ရက်နေ့ အရေးတော်ပုံ မှာတော့ ကျောင်းသားလှုပ်ရှားမှုများမှာ ပါဝင်ဆောင်ရွက်ခဲ့ပြီး ကျောင်းသားအရေး ဆောင်ရွက် သူများနှင့် အတူ ထိုင်း-မြန်မာနယ်စပ် လွတ်မြောက်နယ်မြေသို့ ထွက်ခွာသွားခဲ့ပါတယ်။ အခြေခံကျောင်းသား သမဂ္ဂခေါင်းဆောင် ကိုသက်ဝင်းအောင်ဟာ အာဏာရှင်တွေကို ရဲဝံ့စွာတော်လှန်ရင်း ၁၉၉၇ဇူလိုင်လမှာ ထိုင်းမြန်မာနယ်စပ်ကို ထွက်ခွာသွားခဲ့ပြီး ၁၉၉၈ သြဂုတ်လမှာ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့ပါတယ်။

၁၉၉၈ စက်တင်ဘာလမှာ ပြည်သူ့လွှတ်တော်ခေါ်ယူရေး လူထုလှုပ်ရှားမှုတွင်ပါဝင်လှုပ်ရှားခဲ့သည့်အတွက် စစ်ထောက်လှမ်းရေးမှဖမ်းဆီးခဲ့ပြီး ၁၉၉၉ ဇန်နဝါရီလတွင် ထောင်ဒဏ် ၄၃နှစ်ချမှတ်ခံခဲ့ရကာ အင်းစိန်အကျဉ်းထောင်မှ ကလေး အကျဉ်းထောင်သို့ ပြောင်းရွှေ့ခံခဲ့ရပါတယ်။ ကလေး အကျဉ်း ထောင်တွင် မူလချမှတ်ခဲ့သော ထောင်ဒဏ် ၄၃နှစ်အပြင် ၁၄နှစ်ထပ်မံတိုးပြီး ၅၇နှစ်ချခံခဲ့ရပါတယ်။ ထောင်တွင်း ဖိနှိပ်မှုများကို ဆန့်ကျင်သည့်အနေဖြင့် အစာငတ်ခံဆန္ဒပြခဲ့ပြီး ထောင်ဒဏ်တနှစ် ထပ်မံတိုး၍ ခန္တီးထောင်သို့ပြောင်း ရွေ့ခံ ခဲ့ရပါတယ်။

ကလေးထောင်တွင်နေစဉ် ငှက်ဖျားရောဂါ ခံစားခဲ့ရပါတယ်။ ခန္တီးထောင်တွင် တိုက်ပိတ်ခံခဲ့ရပြီး ငှက်ဖျားရောဂါမှာ ပိုမိုပြင်းထန်စွာ ခံစားခဲ့ရပါတယ်။ ၂၀၀၃ အောက်တိုဘာလတွင် ထောင်တွင်း ဖိနှိတ်မှုများကို ဆန့်ကျင်တွန်းလှန်ရင်း ရောဂါဝေဒနာ ပိုမိုဆိုးရွားလာပြီး မန္တလေးထောင်သို့ပြောင်းရွှေ့ပေးခဲ့ကာ ထောင်ဆေးရုံမှာ ထားခဲ့ပါတယ်။

၂၀၀၆ အောက်တိုဘာ ၁၆ရက် နံနက် ၇နာရီ ၄၀ မိနစ် တွင် မန္တလေး အိုးဘိုအကျဉ်းထောင်တွင် သေဆုံးခဲ့ရပါတယ်။

ကိုသက်ဝင်းအောင် ရရှိခဲ့သော နိုင်ငံတကာ ဂုဏ်ပြုဆုများမှာ ရီဒင်းတက္ကသိုလ် (အင်္ဂလန်) ၏ဂုဏ်ထူးဆောင်ကျောင်းသားသမဂ္ဂ ဒုတိယဥက္ကဌ (၂၀၀၅) လူအခွင့်အရေး လှုပ်ရှားဆောင်ရွက်မှုအတွက် ရီဘွခ်ဆုတံဆိပ် (Rebook Award for Human Right Activity)တို့ဖြစ်ပါတယ်။

(ကိုးကား- ကိုသက်ဝင်းအောင် အထိမ်းအမှတ်စာကြည့်တိုက်)

Comments