မိုးဝေး ● ပြန်ဆုံမလား ပြဇာတ်


မိုးဝေး ● ပြန်ဆုံမလား ပြဇာတ်
(မိုးမခ) အောက်တိုဘာ ၇၊ ၂၀၁၈

ပန်းခြံထဲ
မီးလုံးတွေ ပွင့်နေတယ်

ရနံ့တခု
မီးပန်းဆိုင်းအောက်မှာ
ရပ်နေတယ်

ရေခဲတုံးက
ခက်ခက်ခဲခဲ
လျောဆင်းသွားတယ်

ကားတစီး
နောက်ပြန်ဆုတ်သွားတယ်

စွန်တစ်ကောင်
ပြတ်ကျလာတယ်

အဲဒီလူ
ခုထိ ရပ်နေတုန်းပဲ ပြောရမယ်။ ။

မိုးဝေး
၈ ဇန် ၂ဝ၁၈

Comments