တင်လတ်ကို - မီးဖိုချောင်သုံးပစ္စည်းများဖြင့် ကဗျာစပ်ခြင်း

From Irrawaddy News, FBR


တင်လတ်ကို - မီးဖိုချောင်သုံးပစ္စည်းများဖြင့် ကဗျာစပ်ခြင်း
(မိုးမခ) အောက်တိုဘာ ၂၃၊ ၂၀၁၈


ကြက်ဥပြုတ်က
သူကျက်နေပြီလို့ အော်ပြောနေတယ်။

ခေါက်ဆွဲခြောက်ထုပ်က
ခုန်ချဖို့အသင့်အနေအထား။

ကြက်သွန်က
မျက်ရည်လည်နေတယ်။

ဆီက
အပေါက်ရှာနေပြီ။

ဂျင်းစိမ်းနဲ့
မိသလင်က ပြည်တွင်းစစ်ကြီးထဲ နှစ်ဖက်လေတွေ ချွန်လို့။

လူနည်းစု ဆန်က
ကိန်းခန်းကြီးလို့၊ စိတ်ကြီးဝင်လို့။

ဖယ်ဒရယ်ဒယ်အိုးပေါ်မှာတော့
ရေနွေးပွက်ပွက်ဆူနေပြီ ။ ။

Comments