ဆောင်းယွန်းလ ● လွတ်မြောက်ခြင်းထဲက ထွက်ပြေးလွတ်မြောက်ခြင်း


ဆောင်းယွန်းလ ● လွတ်မြောက်ခြင်းထဲက ထွက်ပြေးလွတ်မြောက်ခြင်း
(မိုးမခ) အောက်တိုဘာ ၂၈၊ ၂၀၁၈

ထိုင်နေရင်းက လွတ်မြောက်သွားပုံများ
လမ်းလျှောက်ရင်း လွတ်မြောက်သွားပုံများ

အဆုံးမှာ
အစွန်ဆိုတဲ့နေရာတခုတော့ရှိသေးတယ်

လွတ်မြောက်ခြင်းကို
ကိုယ့်အသိနဲ့ကိုယ် တည့်တည့်ကြည့်ကြတာချင်းအတူတူ
အဖြေက
တစောင်းဖြစ်လိုက် ဒေါင်လိုက်ဖြစ်လိုက်နဲ့

ငှဲ့ ယူသောက်ကြည့်ရမယ့်တရားဟာ
အရသာတခုခုရှိနေသေးရင် မလွတ်မြောက်သေးလို့ ပဲ
အေးအေးဆေးဆေးလို့ ပြောလိုက်တာကိုက
အပူရောင်တွေထဲ ဟန်ဆောင်နေရခြင်းပဲ

ကင်းကင်းရှင်းရှင်းမှာ
ရှုပ်နေတဲ့ကြိုးများ
မေ့ထားလိုက်ခြင်းဟာ
သတိရခြင်းမကင်းသေးတဲ့ သံသရာပဲ

လွတ်မြောက်ခြင်းကနေ
ထွက်ပြေးလွတ်မြောက်ဖို့အတွက် အမှတ်အသားများဟာ
ဘာမှမရှိတော့တဲ့ ဗလာ။

ဆောင်းယွန်းလ

Comments