"Connecting Through Art " အမည်ရှိ စုပေါင်းရေဆေးပန်းချီပြပွဲ စကားဝါဂယ်လာရီမှာ ပြသနေ


"Connecting Through Art " အမည်ရှိ စုပေါင်းရေဆေးပန်းချီပြပွဲ စကားဝါဂယ်လာရီမှာ ပြသနေ
K (မိုးမခ) အောက်တိုဘာ ၉၊ ၂၀၁၈


မြန်မာနိုင်ငံရေဆေးပန်းချီအသင်း (Myanmar Watercolor Society ) အဖွဲ့ဝင်များပါဝင်ပြသတဲ့ "Connecting Through Art " ရေဆေးပန်းချီပြပွဲကို ရန်ကုန်မြို့တာမွေမြို့နယ် မေတ္တာညွှန့်ရပ်ကွက် သမာဓိလမ်းနှင့်လယ်ယာရွှေမြေလမ်းထောင့် အမှတ် (၈၃၃)ရှိ Sagawar Art Space ၌ အောက်တိုဘာ ၆ရက်နေ့မှ ၁၉ရက်နေ့ထိ မနက် ၁၀နာရီမှ ညနေ ၅:၀၀ အတွင်း ပြသလျက်ရှိကြောင်းသိရပါတယ်။

ပြပွဲကို ၁၄ရက်တိုင်တိုင် ပြသထားမှာဖြစ်ပြီး ရေဆေးပန်းချီဆရာ ၂၈ယောက်ရဲ့ မြန်မာတောတောင်ရေမြေ ရနံ့တွေကိုခံစားရမယ့် ရေဆေးပန်းချီကား ၂၈ ကားကိုပြသထားပါတယ်။

ရေဆေးပန်းချီဆရာကြီးများဖြစ်တဲ့ ဇော်ဝင်း(သစ်ထွင်း)၊ ခင်မောင်စန်း၊ ဦးမာလာ၊ မောင်သီဟ၊ တင်ရွှေချို၊ ဦးပေါ်ထွန်း အစရှိတဲ့သူတွေရဲ့ရေဆေးပန်းချီလက်ရာများကို ကြည့်ရှု ရမှာဖြစ်ပြီး ပြပွဲပြုလုပ်ရခြင်းနဲ့ပတ်သက်ပြီး စကားဝါဂယ်လာရီမှ “ ကျနော်တို့စကားဝါက ထွက်တဲ့ပန်းချီကားတွေကို နိုင်ငံတကာမှာ ရောင်းချပြသနေတယ်။ ပြသနေတဲ့အခါ ကျတော့ ကျနော်တို့စကားဝါမှာ M W Sက ဆရာကြီးတွေနဲ့တိုင်ပင်ပြီးတော့ လုပ်ဖြစ်သွားတာပေါ့။ ဆရာတွေရဲ့ကားတွေတောင်းပြီး ပြဖြစ်သွားတာပါ။ ကြိုက်တဲ့ကားတွေကို ရွေးပြီးတော့။ အွန်လိုင်းပေါ်မှာလည်း စကားဝါအနေနဲ့ ဒီပန်းချီကားတွေကို ရောင်းချပေးပါတယ်”လို့ပြောပြပါတယ်။

Comments