ဦးလွန်းကြွယ်၊ မင်းဝေအောင်တို့အပါအ၀င် နာမည်ကြီးပန်းချီလက်ရာများနဲ့ OK Gallery Collection Show



ဦးလွန်းကြွယ်၊ မင်းဝေအောင်တို့အပါအ၀င် နာမည်ကြီးပန်းချီလက်ရာများနဲ့ OK Gallery Collection Show
K (မိုးမခ) အောက်တိုဘာ ၁၇၊ ၂၀၁၈


နာမည်ကြီး ပန်းချီဆရာကြီးများ အပါအ၀င်ပန်းချီဆရာ ၁၂ယောက်ရဲ့လက်ရာများကိုခံစားရမယ့် OK Gallery Collection Show ပန်းချီပြပွဲကို ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြိှု့နယ် အောင်ဆန်းကွင်း မြောက်ဘက်တိုက်တန်း အမှတ်၂၃ ရှိ Ok Art Gallery မှာ အောက်တိုဘာ ၁၇ရက်မှ ၂၄ရက်တိုင် မနက်၉နာရီကနေ ညနေ ၆နာရီထိပြသသွားမယ်လို့သိရပါ တယ်။

ပြပွဲမှာ ပြသထားမယ့်လက်ရာများရဲ့ပန်းချီဆရာများကတော့ ဇော်ဝင်းဖေ၊ မင်းဝေအောင်၊ အောင်မြင့်၊ ဦးလွန်းကြွယ်၊ ကြီးမြင့်စော၊ ဦးမာလာ၊ ဦးစိန်မြင့်၊ လူမင်း၊ တင်မောင်ဦး၊ MT Oung၊ Pan Kyi ၊ Maung Aw တို့ဖြစ်ပါတယ်။

ပြပွဲစီစဉ်သူ Ok Art Galleryက ပြပွဲနဲ့ပတ်သက်ပြီး “မြန်မာပြည်မှာ သူ့နည်းသူ့ဟန်၊ သူ့နေရာနဲ့ သူ ထင်ရှားအောင်မြင်နေသော ပန်းချီအနုပညာရှင်များစွာ ရှိနေပါတယ်။ သူတို့၏ လက်ရာများမှာလည်း ကမ္ဘာ္ဘ့တိုင်းဒေသ အသီးသီးထိ ပျံ့နှံ့ခဲ့ ၊ ပျံ့ နှံ့ဆဲပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ အိုကေ ဂယ်လာရီမှလည်း ထိုသူများထဲမှ အချို့ လက်ရာများကို စုဆောင်း ဆဲလည်း ဖြစ်ပါတယ်။ အနုပညာရဲ့ ပင်ကိုသဘောကိုကလည်း မျှဝေခံစားခြင်းလို့ပဲ အိုကေဂယ်လာရီမှ မှတ်ယူထားပါတယ်။ အိုကေဂယ်လာရီမှ ၀ယ်ယူစုဆောင်းထားသော အနု ပညာရှင် ( ၁၂ ) ဦးတို့ရဲ့ လက်ရာများကိုလည်း မျှဝေခံစားပေးဖို့ တင်ဆက်ပြပေးပါရစေ။ အနုပညာရှင်တို့၏ အသက်အရွယ်နှင့် အတွေ့အကြုံအလိုက် ကွဲပြားခြားနားသော ရေးနည်း ရေးဟန်နှင့် အကြောင်းအရာတို့ကို ကြည့်ရှုခံစားနိုင်ဖို့လည်း ကျွန်တော်တို့ ဂယ်လာရီမှလည်း ရည်ရွယ်ထားပါသည် ။

ခေတ်စနစ်ကွာဟ သည့်နည်းတူ ဖြတ်သန်းရပ်တည်မှူ ကွာဟခဲ့ကြသည့်အနုပညာ(၁၂)ဦးတို့ရဲ့ လက်ရာတချို့ကို ယှဉ်တွဲပြသခြင်းက မိတ်ဆွေတို့ကို ဘယ်လိုရသတွေ ပေးစွမ်းနိုင် မှာလဲ၊ မိတ်ဆွေတို့ရဲ့ ခံစားမှူနှင့်တုံ့ပြန်မှုအတွက် စောင့်မျှော်လျက် OK Gallery Collection Show ကို အောက်တိုဘာလ ၁၇ ရက်မှ ၂၄ ရက်အထိ တင်ဆက်ပြသသွားမှာဖြစ်ပါ တယ်။ အနုပညာချစ်သူအပေါင်းကိုလည်း ဆက်ဆက်လာရောက် အားပေးဖို့ ဖိတ်ခေါ်လိုက်ပါရစေ”လို့ ၎င်းတို့လူုမှုကွန်ရက်မှာ ရေးသားပြောဆိုထားပါတယ်။

Comments