ဝင်းဖေမြင့်ရဲ့ UNDER THE SUNLIGHTအမည်ရှိ တကိုယ်တော်ပန်းချီပြပွဲ လောကနတ်မှာ ပြသမယ်


ဝင်းဖေမြင့်ရဲ့ UNDER THE SUNLIGHTအမည်ရှိ တကိုယ်တော်ပန်းချီပြပွဲ လောကနတ်မှာ ပြသမယ်
K (မိုးမခ) အောက်တိုဘာ ၃၀၊ ၂၀၁၈


ပန်းချီဆရာ ၀င်းဖေမြင့်ရဲ့ UNDER THE SUNLIGHTအမည်ရှိ တကိုယ်တော်ပန်းချီပြပွဲကို ရန်ကုန်မြို့ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်းအောက်ဘလောက်ရှိ လောကနတ် ပန်းချီပြခန်းမှာ နိုဝင်ဘာ ၂ရက်မှ ၇ရက်ထိ ပြသသွားမယ်လို့သိရပါတယ်။ အဆိုပါပြပွဲကို ၆ရက်ကြာပြသထားမှာဖြစ်ပြီး ပြပွဲချိန်အတွင်း မနက် ၉နာရီမှ ညနေ ၅နာရီထိပြသသွားမှာ ဖြစ်ပါတယ်။

တကိုယ်တော်ပန်းချီပြပွဲနဲ့ပတ်သက်ပြီး ဆရာဝင်းဖေမြင့်က “ကျနော်တို့ကမ္ဘာကြီးဟာ နေစင်္ကြ၀ဠာထဲမှာ ရှိနေတာ။ နေရဲ့လွှမ်းမိုးမှုအောက်မှာ ရှိနေရတာ။ နေရောင်ခြည်ဟာ ကျ နော်တို့ကမ္ဘာကြီးအတွက် မရှိမဖြစ်၊ ၀တ္ထုပစ္စည်းတွေဟာလည်း အရိပ်ထဲမှာထက် နေရောင်အောက်မှာ ပိုပြီး စိတ်ဝင်စားစရာဖြစ်နေတတ်တယ်။ ဆန်းကြယ်စွာ လှနေတတ်တယ်။ အဲဒီ အသိနဲ့ ဒီပန်းချီကားတွေ ရေးဖြစ်ခဲ့ပါတယ်”လို့ ပြောဆိုထားပါတယ်။

ပန်းချီဆရာ ၀င်းဖေမြင့်ဟာ နိုင်ငံတကာပန်းချီပြပွဲများမှာလည်း သူ့ရဲ့လက်ရာများကို ၀ယ်ယူစုဆောင်းမှုခံရတဲ့ပန်းချီဆရာတဦြး့ဖစ်ပြီး ပြည်တွင်း တကိုယ်တော်ပြပွဲများအနေနဲ့ ၁၉၇၇ ခုနှစ်မှစတင်ကာ Oil Paintings အမည်ဖြင့် စတင်ပြသခဲ့ပြီး ယခုအကြိမ်ဟာ တကိုယ်တော်ပန်းချီပြပွဲ ၁၈ ကြိမ်မြောက်လို့လည်းသိရပါတယ်။ ၂၀၁၄ခုနှစ်မှာ ပန်းချီပညာရပ် နဲ့ပတ်သက်ပြီး အိုင်ဒီယာမဂ္ဂဇင်းမှာရေးသားခဲ့တဲ့ပန်းချီဆောင်းပါးများကို စုစည်းပြီးအရောင်တွေအကြောင်း ပန်းချီကားတွေအကြောင်းဆိုတဲ့စာအုပ်ကို ရေးသားထုတ်ဝေထားပါ တယ်။

ပန်းချီဆရာ ၀င်းဖေမြင့်ကို ၁၉၄၈ခုနှစ်မှာ မင်းဘူးမြို့မှာမွေးဖွားခဲ့ပါတယ်။ ၁၉၇၀မှာ ရန်ကုန်အနုပညာကျောင်းကို ၄နှစ်တက်ရောက်ခဲ့ပြီး ဦးလွန်းကြွယ်၊ ဦးသိန်းဟန်၊ ဦးရွှေအောင် သိမ်း၊ ပေါ်ဦးသက်တို့ထံမှာ ပန်းချီပညာရပ်များကို ထပ်မံသင်ယူခဲ့ပါတယ်။ တကိုယ်တော်ပန်းချီပြပွဲများအနေနဲ့ Oil Paintings(၁၉၇၇)၊ Sketches(၁၉၉၇)၊ Still Life(၁၉၉၈)၊ 100 Clouds(၂၀၀၀)၊ Colour Hunger(၂၀၀၀)၊ Colour and Paint(၂၀၀၂)၊ Trees(၂၀၀၄)၊ Palette Knife(၂၀၀၆)၊ Still Life(၂၀၀၉)၊ Landscapes(၂၀၁၀)၊ 100 Portraits(၂၀၁၁)၊ Enjoying Black and White(၂၀၁၂)၊ 100 Sketches(၂၀၁၃)၊ Pastel and Me(၂၀၁၄) Oil Painting Demonstration(၂၀၁၅) Naunces Of Nature(၂၀၁၆) Dialogue With Nature(၂၀၁၇)တို့ကို ပြသခဲ့ပါတယ်။

Comments