ကဖေး... ည
အာကာဦး
အာကာဦး
(မိုးမခ) နိုဝင်ဘာ ၁၃၊ ၂၀၁၈
ရင်ထဲမကောင်းဘူး
တစုံတရာဟာ တေးဆိုပြီးထွက်သွား။
ရင်ထဲမကောင်းဘူး
တစုံတရာဟာ တေးဆိုပြီးထွက်သွား။
ပင်လယ်က လေညင်းကိုထမ်းထားတယ်
ဒီရာသီတွေမှာဆို မင်းသာယာနိုင်ပါ့မလား
စံပယ်တင်မှည့်ကလေးပေါ်ကူးခတ်
ညီလေးရေပန်းတွေကို မွေးမြူပါ။
ငှက်တွေလိုအိမ်ပြန်ချိန်တွေမင်းဆီမှာရှိနေပါစေ။
ဒီ၍ဒီမျှနဲ့ဆိုတဲ့သင်္ဘောတွေ
မင်း ဝမ်းဗိုက်ပေါ် ကျောက်မချစေနဲ့ကွာ။
အမှောင်ကိုထွန်းညှိပြီးရင် လောင်မြိုက်မှုဟာ
အပူရှိန်ပိုတက်လာတတ်တယ်။
သစ်ပင်တွေကလည်း သူ့အမြစ်ကို အသေအလဲပဲ
ငါတို့တားဆီးရမယ်
ဒီနှစ်ဆောင်းဟာ ချမ်းပါ့မလားမသိဘူး။
ဆိုက်ပရပ်လမ်းလည်း နာမည်မကြီးရှာတော့ဘူးလေ
ကျိုးပဲ့ကြတာပေါ့ကွာ
မှတ်မှတ်ရရကြီးရထားတဲ့အနာပါ
ဆေးကခါးတယ်ဆိုတိုင်းကောင်းနေရင်
ကိုယ့်စကားလုံးကိုယ် ပြန်သော
သေချာပြောမှဖြစ်တော့မယ်ဆို
ပထမစကားတွေနဲ့တို့က စော်ကားခံလိုက်ရခြင်းတွေ။
လက်မှတ်မထိုးခဲ့ရတဲ့အတိတ်တွေ
သူမ ကျစ်ဆံမြီးလေးကပိုလှတယ်။
ကပိုကရိုပါပဲကွာ
ညတွေက ကြိုးမညှိရသေးတာကလွဲရင်
တို့တွေ လွတ်လွတ်ကျွတ်ကျွတ်ကွဲလို့ရပါသေးတယ်။
Comments