တင်လတ်ကို ● ရေအောက်ကမ္ဘာ

တင်လတ်ကို ● ရေအောက်ကမ္ဘာ
(မိုးမခ) နိုဝင်ဘာ ၁၁၊ ၂၀၁၈

ငါးမန်းက
ဆူးထောင်သွားတယ်။

ရေငုပ်သင်္ဘောက
အဓိပ္ပါယ်တခုရှိနိုးနဲ့ ရေဆက်ငုတ်ဆဲ၊

ငါးသေးများ
ရေမွှာများ
အသက်ဇီဝအား မျက်လုံးဖွင့်လို့။

ရေဒါမှာ
သွေးညှီနံ့ မရသော်ငြား
အန္တရာယ်ရှိမှန်း ပင်လယ်ပြင်ကောင်းကောင်းသိတယ်။ ။

Comments