ကျော်ထင်ရဲ့ အပင်မြို့ အက်ဆေးစု
စာပေတမာန်
(မိုးမခ)နိုဝင်ဘာ ၂၃၊ ၂၀၁၈
ပြောမယ်ဆိုရင်ပေါ့။ သူဟာလည်းပဲ ခေတ်ကြီးကို အရွေ့တစ်ခုဆီ ပြောင်းလဲသစ်ဆန်းသွားစေဖို့ တွန်းရွှေ့ခဲ့ တဲ့ လူရွယ်တစ်ယောက်။
ပြောမယ်ဆိုရင်ပေါ့။ သူဟာလည်းပဲ ခေတ်ကြီးကို အရွေ့တစ်ခုဆီ ပြောင်းလဲသစ်ဆန်းသွားစေဖို့ တွန်းရွှေ့ခဲ့ တဲ့ လူရွယ်တစ်ယောက်။
တော်လှန်သော ပထမရက်စွဲတွေကို ပြန်ကြည့်လိုက်မယ်ဆိုရင် တပ်ဦးကနေ ဝံ့ဝံ့စားစားပါဝင်ခဲ့တဲ့သူ့ကို မြင်ရတွေ့ရလိမ့်မယ်။ သူ့ဆီ
မျှော်လင့်ထားတဲ့အရေးအသားတွေရောက်မလာခင် မျှော်လင့်ထားတာမဟုတ်ဘဲနဲ့ "အပင်မြို့"အက်ဆေး များဆိုတဲ့စာအုပ်ဟာ သူ့ဆီကနေ အလျင်အမြန်ထွက်ရှိလာခဲ့။ ဒီစာအုပ်ထွက်မလာခင်ကတည်းက သူ့ရဲ့ အရေးအသားတွေကို တစ်နေရာမဟုတ်တစ်နေရာရာမှာ ကျွန်တော်တို့ဟာ ဖတ်ရှုခဲ့ရ။ သူ့ရဲ့အရေးအသား တွေနဲ့ ကျွန်တော်တို့ဟာ လွန်ခဲ့သောနှစ်အနည်းငယ်လောက်ကတည်းက ရင်းနှီးခဲ့ကြ။
အစဉ်အလာအရ လေးပင်ခန့်ထည်ခဲ့တဲ့အကြောင်းအရာတွေကို သူဟာ ပေါ့ပါးညင်သာစွာနဲ့ရေးလေ့ရှိ တယ်။ လေးပင်မှုေ
နောက်ပြီး သူ့ရဲ့အရေးအသားတွေဟာ နေ့စဉ်သုံးဘာသာစကား ဘောင်ထဲကနေပြီး ဘယ်ကိုမှ ကျွံထွက်သွားလေ့မရှိဘူး။ ပုဂ္ဂ
သင်္ကေတပုံ၊ နိမိတ်ပုံတွေနဲ့ Volume ထပ်မြှင့်စရာမလိုအပ်တဲ့ သူ့ရဲ့အရေးအသားတွေဟာ ရိုးရှင်းပြတ် တောက်နေသော်
ဒီလိုနဲ့ပဲ " ကျော်ထင် " ကို တစ်နေ့တစ်ခြားကျွန်တော်တို့ဟာ ရင်နှီးကျွမ်းဝင်လာခဲ့ကြ။
ဒီလိုနဲ့ပဲ" ကျော်ထင်" ရဲ့အရေးအသားတွေကို Online ပေါ်မှာ ...Print ပေါ်မှာ မကြာခဏဆိုသလို ကျွန်တော်တို့ဟာ ဖတ်ရှုလာခဲ့ကြ။
" ကျော်ထင်" ဟာ ရိုးရှင်းတဲ့ သူ့ရဲ့စကားပြေထဲမှာ နေ့စဉ်ဘဝထဲက လူတွေ၊ အဖြစ်အပျက်တွေ၊ နှစ်ကာလ တွေကို သူ မြင်ရတွေ့ရသလို ဆွဲထုတ်ပြသလေ့ရှိတယ်။
ခါးသီးကြမ်းရှဖွယ်ရာနှစ်ကာလတွေကို ဖြတ်သန်းခဲ့ရပေမယ့် သူဟာ အစွန်းတစ်ဖက်ဖက်ကို ငေါထွက်မနေ ခဲ့ဘူးဆိုတာ အခုထွက်ရှိလာတဲ့ " အပင်မြို့" အက်ဆေးစာအုပ်မှာ ကျွန်တော်တို့ မြင်တွေ့ရလိမ့်မယ်။
အက်ဆေး၂၂ ပုဒ် ပါဝင်ပြီး အဝေးရောက် မိုးမခ အယ်ဒီတာတစ်ဦးဖြစ်တဲ့ ဆရာကိုခင်လွန်းရဲ့ မုဒိတာအမှာ စာကိုလည်း အက်ဆေးလေးတစ်ပုဒ်လိုဖတ်ရှုရမှာ ဖြစ်ပါတယ်။
စာအုပ်မျက်နှာဖုံးကို ပန်းချီကျော်ထင်က ခံစားရေးဆွဲပေးထားပြီး ရန်ကုန်မြို့ ၃၁ လမ်း "ကိုလတ်စာပေ" ကနေ ပြည်လုံးကျွတ်ဖြန့်ချိပေးထားပါတယ်။ စာအုပ်တန်ဖိုး ၃၀၀၀ ကျပ်နဲ့ ၂၀၁၈ ခုနှစ် နိုဝင်ဘာလထဲ မှာ ပထမအကြိမ်ရိုက်နှိပ်ထားကြောင်းပါ။
Comments