ဦးခင်မောင်သန်း- အ​တွေးကွန်​ရက်​ ​ရောင်​စုံယှက်



အ​တွေးကွန်​ရက်​ ​ရောင်​စုံယှက် 
ဦးခင်​​မောင်​သန်း
( စာကားစုသာပြန်​များ ) 
(မိုးမခ) နိုဝင်ဘာ ၄၊ ၂၀၁၈


ဒီစာအုပ်ပါစာစု​တွေဟာ " FAMILY LIFE မဂ္ဂဇင်းနဲ့ ပညာရတနာဂျာနယ်" တို့မှာ "ကေအမ်တီ" ကလောင် အမည်နဲ့​ ဖော်ပြပြီးဖြစ်​တဲ့ စာမူ​တွေကို ပြန်လည်စုစည်းထုတ်ဝေခြင်း ဖြစ်ပါတယ်​။ 

ကမ္ဘာ့လူမှုနယ်ပယ်အသီးသီးက ပုဂ္ဂိုလ်ကျော်တချို့ရဲ့ စကား၊ အဆိုအမိန့် စတာတွေကို ကောက်နှုတ် ဘာသာပြန်ဖော်ပြထားခြင်းဖြစ်ပါတယ်။ 

အကြောင်းအရာရွေးချယ်မှုအပိုင်းမှာတော့ အတွေးအမြင်တူခြင်း မတူခြင်းထက် သူတို့ဘာတွေကို ဘယ်လိုတွေး ဘယ်လိုကောက်ချက်ဆွဲကြတယ်​ဆိုတာ ဆင့်ပွားငှဝေတဲ့ သဘောမျှသာ ဖြစ်ပါတယ်။ 

နောက်တချက်က အင်္ဂလိပ်စာကိုမြန်မာဘာသာစကားနဲ့ ပြန်ဆိုနားလည်ဖို့စိတ်အားသန်သင်ယူနေကြတဲ့ ကျောင်းသားလူငယ်တွေအတွက် လေ့ကျင့်စရာကွင်းတကွင်း လေ့လာစရာ ကြားခံတခုအဖြစ်လည်း ရည်ရွယ်ပါတယ်။ 

ဘာသာစကားတခုကနေ အခြားဘာသာစကားတခုကို ပြောင်းကူးကြရာမှာ ပေါင်းကူးနည်းစနစ်တွေနဲ့ ရသအချိုးအဆတို့ဟာ အခရာကျတဲ့ကိစ္စလို့ နားလည်ထားပါတယ်။ ဒီစာအုပ်မှာ မူရင်းအင်္ဂလိပ်စာ စကားရပ်တွေကို Phrase by Phrase ပြန်စီထားပါတယ်။ အင်္ဂလိပ်စာလေ့လာရင်း ကိုယ်တိုင် ပြန်ဆို ချင်သူတို့အတွက် ရှင်းလင်းလွယ်ကူစေလိုလို့ပါ။ ပိုမိုလှပပြည့်စုံတဲ့ ဘာသာပြန်ချက်ေ တွရရှိအောင် ဆက်ပြီးအားထုတ်ကြစေလိုပါတယ်။

တိကျ အနှစ်သာရပြည့်ဝတဲ့ဘာသာ စကားတို့ရဲ့ခွန်အားကို ရရှိခံစား ဆင့်ပွားနိုင်ကြပါစေ …


စာမြည်း
.....
 
1 1- DARING TO DREAM Doing the unrealistic is easier than doing the realistic.
Tim Ferriss ( writer ) 

၁။ အိပ်မက်ရဲဖို့ လက်တွေ့လုပ်ရတာထက် လက်တွေ့မဟုတ်တဲ့ အိပ်မက်က ပိုသက်တောင့်သက်သာရှိသပါ့။
တင်(မ်)ဖာရစ် ( စာရေးဆရာ ) 

12- LESSONS TO LEARN There are no regrets in life. Just lessons.
Jennifer Aniston ( actress ) 

၂။ သင်ယူစရာ​တွေဘဝမှာ နောင်တဆိုတာတွေမရှိ။ သင်ခန်းစာချည်းသာဖြစ်ပေ၏။ 
ဂျနီဖာအဲနစ်တန် ( အမျိုးသမီးသရုပ်ဆောင် )


"ပိုင်​" စာ​ပေ
( 09-5066873, 09-791236515 )
၂၀၁၈ ခု၊ ​စက်​တင်​ဘာလ (ပထမအကြိမ်​)
တန်​ဖိုး- ( ၁၅၀၀ ) ကျပ်



Comments