ဖန်ထည် မှန် နှင့်ကြွေထည် အသုံးအဆောင်ပစ္စည်းများပေါ်တွင် ပန်းချီရေးဆွဲချင်သူများအတွက် သင်တန်း


ဖန်ထည် မှန် နှင့်ကြွေထည် အသုံးအဆောင်ပစ္စည်းများပေါ်တွင် ပန်းချီရေးဆွဲချင်သူများအတွက် သင်တန်း
K (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၈

Art Planet Myanmar(APM)မှ စီစဉ်ကျင်းပတဲ့ ဖန်ထည် မှန် နှင့်ကြွေထည် အသုံးအဆောင်ပစ္စည်းများပေါ်တွင် ပန်းချီရေးဆွဲချင်သူများအတွက် Glass and Ceramic Painting (one day class)ကို ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ဗိုလ်အောင်ကျော်လမ်း(အလယ်ဘလောက်) No.287/ 289 (ပထမထပ်)ရှိ Bo Aung Kyaw St Art Galleryမှာ နိုဝင်ဘာ၁၈ ရက် တနင်္ဂနွေနေ့ နံနက်၁၀နာရီမှ ညနေ၅နာရီထိ ကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်။

အဆိုပါ ဟောပြောပွဲမှာ Artist Sein Sein Lin က Glass and Ceramic Painting နဲ့ပတ်သက်ပြီး ရှင်းလင်းပြောကြားပေးမှာဖြစ်ပြီး မှန်ချပ်ပေါ်တွင် လက်တွေ့ရေးဆွဲတဲ့ အစီအစဉ် များပါရှိတယ်လို့သိရပါတယ်။ အမှန်တကယ်တက်ရောက်နိုင်သူများသာ စာရင်းပေးသွင်းပါရန် လူဦးရေ ကန့်သတ်ခေါ်ထားပြီး တက်ရောက်လာသူများကို နေ့လယ်စာ ၊ ကော်ဖီ တို့ဖြင့် အခမဲ့ကျွေးမွေးဧည့်ခံသွားမယ်လို့သိရပါတယ်။

ဟောပြောပွဲနဲ့ပတ်သက်ပြီး ၎င်းတို့ရဲ့လူမှုစာမျက်နှာမှလည်း “Art Planet Myanmar(APM)မှ ပညာဒါနအဖြစ် (၅)ကြိမ်မြောက် စီစဉ်ကျင်းပသည့် ဖန်ထည် မှန် နှင့်ကြွေထည် အသုံးအဆောင် ပစ္စည်းများပေါ်တွင် ပန်းချီရေးဆွဲချင်သူများအတွက် Glass and Ceramic Painting (one day class)ကို Artist Sein Sein Lin မှလာမည့် (18.11.2018) တနင်္ဂ နွေနေ့တွင် ရှင်းလင်းပြောကြားပေးသွားမည်ဖြစ်ပါသည်၊ တက်ရောက်ချင်သူများအနေဖြင့် page message box မှတစ်ဆင့် အမည် လိပ်စာ ဖုန်းနံပါတ်တို့အား (16.11.18) နေ့နောက်ဆုံးထားပြီးပေးပို့ စာရင်းပေးသွင်းနိုင်ပါသည်၊ စာရင်းပေးလာသူများထဲမှ(၃၃)ဦးအားမဲနှိုက်ရွေးချယ်ပေးသွားပါမည်။ ကျန်ရှိသည့်စာရင်းပေးထားသူများအား နောက်ပြု လုပ်မည့်အစီအစဉ်များတွင် ထည့်သွင်းဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်”လို့ရေးသားထားပါတယ်။

ယခုဟောပြောပို့ချမှုဟာ Art Planet Myanmar(APM)မှ ငါးကြိမ်မြောက် ပညာဒါနအဖြစ်ပြုလုပ်ကျင်းပခြင်းဖြစ်ပြီး Characters Illustration and Design၊ Colour Pencils Drawing Techniques Sharing ၊Drawing Basic Concept Sharingအစရှိတဲ့ ခေါင်းစဉ်များနဲ့(one day class)အစီအစဉ်များကျင်းပပြုလုပ်ခဲ့ပါတယ်။

Comments