စိုးရိမ် - အဘိုးအိုတေး

အဘိုးအိုတေး
စိုးရိမ်
(မိုးမခ) နိုဝင်ဘာ ၁၆၊ ၂၀၁၈

အားဖျော့လာတဲ့ အလင်းအောက်
တိမ်တွေရှိတဲ့အရပ်ကို ငါငေးတယ် ...

ပြန်မလာတော့မယ့် မျှော်လင့်ခြင်းလေး
ဘယ်မြေမှာပွင့်ဝေလို့ ဘယ်လေမှာ ရနံ့ဖြာနေလဲ
နှင်းထဲစိုက်ဝင်သွားတဲ့ ချစ်ခြင်းရှိုက်သံကို
မင်းလှည့်မကြည့်တော့တာ မင်းမကြာတော့တာ
ရင့်အိုလာတဲ့ ပုံရိပ်တွေက သက်သေပါ ...

ဒီလို တစ်ဘဝစာ ကျွံကျမှုထဲ
ဒဏ်ရာက သူ့နာကျင်မှုကိုပွတ်သပ်ကြည့်သလို
တိမ်တွေရှိတဲ့အရပ်ကို ငါငေးတယ်။ ။ 


Comments