မျိုးတေဇာမောင် ● အကျအဆုံးများတဲ့ ရာသီ


မျိုးတေဇာမောင် ● အကျအဆုံးများတဲ့ ရာသီ
(မိုးမခ) ဒီဇင်ဘာ ၂၊ ၂၀၁၈

ကဗျာရေးတဲ့ လက်တွေဟာa
စောင်းပြီးလည်နေတဲ့ ကမ္ဘာကြီးကို
တည့်မသွားအောင် စောင့်ရှောက်နေတာဖြစ်တယ်။

သွားပြီ လက်တစ်စုံ
ဟာ...သွားပြန်ပြီ နောက်ထပ်လက်တစ်စုံ။

ဗျို့ ကဗျာဆရာတွေ
ဗျို့ ညီအစ်ကို ကဗျာဆရာတွေ
ကမ္ဘာကြီးကို တည့်မသွားစေနဲ့
ခင်ဗျားတို့လက်တွေ မြဲပါစေ
ခင်ဗျားတို့ ကျန်းမာရေးဟာ
ကမ္ဘာ့ကျန်းမာရေးပဲ။

ခေတ်ဆိုးကပေးတဲ့ ဒဏ်ရာဆိုးတွေ
ခင်ဗျားတို့ ကျနော်တို့ကျောပေါ်မှာ
ဆိုပေမယ့်
ဒီရာသီကို ကျနော်တို့ ဖြတ်ကိုဖြတ်သန်းရဦးမယ်။

(ဦးပွင့်နဲ့ ကိုလူအိမ်... သို့)
မျိုးတေဇာမောင်

Comments