ကေ​ဇော်​မိုး ● အညတြရ
ဒီဇင်ဘာ ၂၄၊ ၂၀၁၈
နေ့စဉ်​ညတိုင်း
မွန်​ရိုးရဲ့ကြယ်​​တွေထဲမှာ ​ပြေးတမ်းလိုက်​တမ်းကစားတယ်
ကတ်​ကိုဘိန်းရဲ့လက်​ခတ်​သံမှာ အို​အေစစ်​က​လေးအစပြုလို့
ဘီသိုဗင်​ရဲ့ဆင်​ဖိုနီအ​တောမှာ ကိုမာဝင်​ခဲ့ရ
ကားလ်​မတ်​ရဲ့အလံ​တော်​ထဲ​ နေရူဒါမှာ ကြည်​လင်​ခဲ့
မိုးဇက်​က ဒူးရွန့်​ရဲ့​ကြွေဖလားကိုယူလာတယ်
ဗင်​ဂိုးရဲ့အဝါ​ရောင်​ထဲ ​ယေနွားကို ထည့်​စပ်​ကြည့်​တယ်
ပရက်​စ​လေနဲ့ ဘီတဲလ်​အတွဲအဖက်​မှာ ကွမ်းရွက်​ပုံ​ဆေးကအစွမ်းဆုံး
ဂျက်​ဆင်​မရှိတဲ့ကမ္ဘာမှာ​ ကေ​ပေါ့ပ်​​တွေ လူရာဝင်​တယ်
မွန့်​ခ်ျ​ရဲ့ငိုသံမှာ ဗုဒ္ဓဘာသာအမျိုးသားတိုင်းပြည်​ကြီး ဂျင်းထည့်​ခံရလို့
သေနတ်​ဆိုတာတည့်​တည့်​ပစ်​တဲ့​ဦး​နေဝင်းနဲ့ အမျိုးသား​ကောင်းဟစ်​တလာရယ်
အရိုး​ပေးမဒိန်းကျင့်​ဆဲ​ ရွှေရည်​စိမ်​က​ရေကရာရယ်
မွေး​မေ​ကျေးဇူးဆပ်​တဲ့ နိုင်​ငံ​ကျော်​ဇာတ်​လမ်းရယ်
တစ်​ရာဖိုး​လေးပုဒ်​ ဂန္ထဝင်​​မြောက်​ကဗျာရယ်
ဟီရိုရှီးမားမှိုပွင့်​ကြီး​ပေါ်တိမ်​မျှား​နေမိတဲ့​နေ့ထဲ
မ​အေး​သောင်းလက်​ကိုဆွဲလို့ ​ကျောခိုင်းလိုက်​ပါတယ်​။
ကေ​ဇော်​မိုး
Comments