ကမ်လူဝေး - အိတ်​ကိုင်

အိတ်​ကိုင်
ကမ်လူဝေး
(မိုးမခ) ဒီဇင်ဘာ ၂၀၊ ၂၀၁၈
ကျွီ     ဝုန်း    ဂျိ​မ်း
လမ်းမ​ပေါ်မှကျယ်​​လောင်​​သောအသံ​ကြောင့်​ လူများဝိုင်းအုံလာကြသည်​။ လမ်းမ​ပေါ်တွင်​ ကုန်​တင်​ကား တစီးနှင့်​ဆိုင်​ကယ်​တစီးတို့ ​ခေါင်းခြင်းဆိုင်​တိုက်​ထားကြသည်​။ အရှိန်​နှင့်​ ယာဉ်​​ကျောအမှန်​အတိုင်း​မောင်း လာ​သော ကုန်​တင်​ကားက ယာဉ်​​ကျော​ပြောင်းပြန်​ ​မောင်းဝင်​လာ​သောဆိုင်​ကယ်​ကို တိုက်​မိခြင်းဖြစ်​သည်​။ ဆိုင်​ကယ်​​ပေါ်တွင်​ပါလာ​သောလူငယ်​​လေးမှာ ဆိုင်​ကယ်​​ပေါ်မှလွင့်​စင်​ထွက်​သွားပြီး လမ်းမ​ပေါ်တွင်​ငြိမ်​သက်​​သေဆုံးလျက်​ရှိသည်​။ ထူးခြားချက်​မှာ ​သေဆုံးသွားသည်​အထိ လူငယ်​​လေးသည်​ သူ၏လက်​ထဲတွင်​အိတ်​တလုံးကို ကျစ်​ကျစ်​ပါ​အောင်​ဆုတ်​ကိုင်​ထားသည်​။

x          x              x           

မျိုးကိုသည်​ ငယ်​စဉ်​ကတည်းက အ​ဖေမရှိ​တော့ အ​မေနှင့်​သာကြီးပြင်းလာခဲ့ရသူဖြစ်​သည်​။ သူ၏အ​ဖေမှာ သူငယ်​ငယ်​ နှစ်​နှစ်​သုံးနှစ်​သားအရွယ်​ကတည်းက ​သေခဲ့ပြီဖြစ်​သည်​။  ရပ်​ကွက်​ထဲတွင်​စကားများရန်​ဖြစ်​ကြရင်း ဓားနှင့်​ထိုးခံရ​သော​ကြောင့်​ သူ့အ​ဖေ​သေခဲ့ခြင်းဖြစ်​သည်​။
အ​မေ၏အလိုလိုက်​ခြင်းကိုခံခဲ့ရ​သော​ကြောင့်​ စာလည်း​ကောင်း​ကောင်းမသင်​ ၈ တန်းနှင့်​​ကျောင်းထွက်​ပြီး ​ ပေါ့​ပေါ့​နေ​ ​ပေါ့​ပေါ့စားဘဝဖြင့်​  ရပ်​ကွက်​ထဲကလူများ လက်​တိုလက်​​တောင်းခိုင်းသမျှလုပ်​ရင်း အသက်​ရှင်​​ နေသူဖြစ်​သည်​။

ကံထမ်းလာတာမမြင်​ရဟူ​သောစကားလို မျိုးကိုတ​ယောက်​ကံဇာတာတက်​လာသည်​။ သူနင့်​​ဆွေမျိုးမကင်း​သောအကိုတ​ယောက်​ ​ဆေးတက္ကသိုလ်​မှဘွဲ့ရပြီး သူတို့ မြို့က​လေးကြို ပန်​လာ၍​ဆေး ခန်းဖွင့်​သည်​။ ထိုအခါ ​ဆေးခန်းတွင်​ လက်​တိုလက်​​တောင်းခိုင်းရန်​ မျိုးကိုကို​ ခေါ်ထားသည်​။ ဆရာဝန်​ရှား ပါးဆေးခန်းရှားပါး​သော သူ တို့မြို့က​လေးတွင်​ အရှင်​​မွေး​နေ့ခြင်းကြီးဆိုသလို မျိုးကိုတယာက်​မျက်​နှာပွင့်​ လူရာဝင်​လာသည်​။

ဆေးခန်းတွင်​​တောက်​တိုမယ်​ရ သူ့ဆရာကိုကူရပြီး သူ့ဆရာ အိမ်​ပင့်​လူနာကြည့်​သွားပါက သူ့ဆရာ၏​ဆေး အိတ်​ကိုကိုင်​၍​နောက်​ကလိုက်​ရသည်​။ ထို​ဆေးအိတ်​ကို ကိုင်​ရသည့်​အချိန်​မှစ၍ မျိုးကိုတယောက် ပြောင်း လဲလာပါ​တော့သည်​။

မျိုးကို၏​နေပုံထိုင်​ပုံ ဝတ်​ပုံစားပုံ တို့အလုံးစုံ​ပြောင်းလဲသွားသည်​။ သူ့ဆရာစွန့်​ကြဲထား​သော စတိုင်​​ဘောင်း ဘီကို မချွတ်​တမ်းဝတ်​တတ်​လာသည်​။ လမ်း​လျှောက်​​သောအခါတွင်​ ​ခေါင်းကို​မော့ ရင်​ဘတ်​ကို​ကော့ ၍ ​ခြေဖ​နောင့်​ သံစူးသလို ​မြောက်​ကြွကြွ ဆတ်​​တောက်​​တောက်​ ​လျှောက်​တတ်​လာသည်​။

သူ့ငယ်​သူငယ်​ချင်း မိတ်​​ဆွေများ လက်​ဖက်​ရည်​ဆိုင်​ထိုင်​ဖို့​ခေါ်​သောအခါများတွင်​  "ငါက မင်းတို့​တွေလို အားယား​နေတာ မဟုတ်​ဘူးကွ။ အလုပ်​ရှိတယ်​။ မင်းတို့​တွေလဲ အ​လေလိုက်​မ​နေကြနဲ့ အလုပ်​​လေး ဘာ​ လေးလုပ်​ကြဦး။ ​နောက်​ကြုံတုန်းတခါတည်း​ပြောထားရဦးမယ်​။ ငါ့ဆီက ​အ​ကြွေး​တောင်းသလို အကူအညီ လာမ​တောင်းကြနဲ့။ ငါက အ​ကြွေး​တောင်းမည့်​​ကောင်​​တွေကို​ဝေး​ဝေးက​ရှောင်​တယ်​ " စသဖြင့်​​ပြောဆိုပြီး ငြင်းတတ်​လာသည်​။

သူ့မိတ်​​ဆွေ​ဟောင်းများနှင့်​သာ လက်​ဘက်​ရည်​ဆိုင်​ထိုင်​ရန်​ငြင်းတတ်​​သော်​လည်း သူယခင်​က ကြည့်​မရ​ သောသူ့ကိုလည်းအဖက်​မလုပ်​ခဲ့​သော ရပ်​ကွက်​ထဲမှ ငွေ​ကြေးချမ်းသာ​သောသူများနှင့်​မူ ​နေ့စဉ်​အတူထိုင်​၍ လက်​ဖက်​ရည်​​သောက်​တတ်​လာသည်​။ ကိုမျိုးကို ကိုမျိုးကိုဟု​ခေါ်​သော ပိုက်​ဆံချမ်းသာသူများ၏အသံများ ကြားတွင်​သာယာ​နေပြီဖြစ်​သည်​။ ပိုက်​ဆံချမ်းသာသူများ​သောက်​​သောလက်​ဖက်​ရည်​ကပင်​လျှင်​ ပို၍​ကောင်းသလို အဆင့်​ရှိသလို ထင်​မြင်​​ကျေနပ်​​နေပြီဖြစ်​ပါသည်​။

မျိုးကိုသည်​ သူ၏လုပ်​ပိုင်​ခွင့်​ကို အခွင့်​အ​ရေးတရပ်​အဖြစ်​​ကောင်းစွာအသုံးချတတ်​သူဖြစ်​သည်​။ သူ့ကို​ပေး​ကျွေးထားသူများ​ဆေးခန်းသို့လာပြလျှင်​ တန်းစီ​စောင့်​​နေ ကြသူများကို​ကျော်​၍ဆရာဝန်​စမ်းသပ်​ခန်းထဲသို့​ကျော်​ထည့်​တတ်​သည်​။ တန်းစီ​စောင့်​​နေသူများက မ​ကျေနပ်​၍ ​ပြောလျှင်​လည်း သူကပင်​တပြန်​ အပြစ်​တင်​စကား ကိုမျက်​နှာ​ပြောင်​တိုက်​၍​ပြောတတ်​သည်​။

"ဒါက​ဆေးကု​နေတာဗျ။ လူနာအ​ရေးကြီးရင်​ကြီးသလိုဦးစား​ပေးရမှာ။ ခင်​ဗျားက အ​အေးမိ​ချောင်းဆိုးတာပဲ သူကရင်​တုန်​တယ်​လို့​ပြော​နေတာ ဒါအ​ရေးကြီးလို့ အရင်​ပြ​ပေးတာ။ ဘာလဲသူကကျုပ်​ကို​ကျွေး​မွေးထားလို့ကြားဖြတ်​ထည့်​​ပေးတယ်​ထင်​တာလား " စသဖြင့်​ ရန်​​တွေ့တတ်​သည်​။

ဆေးခန်းရှားပါး​သောမြို့က​လေးတွင်​ သူ​ပြောသမျှကိုပြန်​မ​ပြောသာသ​ရွေ့အားလုံးက ​ခေါင်းငုံ့ခံကြရသည်​။ လည်​ဝယ်​သူ​တွေက​တော့ သူ့ကိုအတင်းပေါင်း သင်း ​ကျွေး​မွေးထား​တော့သည်​။ ထိုသို့ ​ပေါင်းသင်း​ကျွေး​မွေးထားသူ အ​အေးမိ​ချောင်းဆိုး၍​ဆေးခန်းသွားပြလျှင်​လည်း သူကဦးစား​ပေးကြားဖြတ်​ဝင်​ခွင့်​ရသူ။ ထိုသို့​သောအ​ခြေအ​နေတွင်​ မျိုးကို၏စကားက တမျိုးပြောင်းသွားပြန်​သည်​။

"အ​အေးမိ​ချောင်းဆိုးတယ်​ဆိုတာက ကူးစက်​​ရောဂါပဲ။ ဒီမှာကြာကြာ​နေရင်​ကျန်​တဲ့သူ​တွေ ကူးကုန်​မှာစိုးရ တယ်​။ ​ချောင်းဆိုးတယ်​ဆိုတာက အသက်​ရှူပါကြပ်​​နေ တာအန္တရာယ်​ရှိတယ်​။ ဒါ​ကြောင့်​အရင်​ပြ​ပေးတာ။ သူ​ကျွေးတာစားထားလို့လုပ်​တယ်​ထင်​မ​နေနဲ့ "

ငြိမ်​မခံနိုင်​သူက " ငါလည်းအ​အေးမိပြီး​ချောင်းဆိုးလို့လာပြတာပဲကွာ။ ငါက​တော့အ​ရေးမကြီးဘူးလား"

"ခင်​ဗျားကဘယ်​​လောက်​နားလည်​လို့လဲ။ ကျုပ်​​လောက်​နားလည်​လို့ရှိရင်​ ကျုပ်​​နေရာမှာ လာလုပ်​လိုက်​ပါလား။ ကျုပ်​​လောက်​နားလည်​​အောင်​ အရင်​လုပ်​လိုက်​ဦး။ ​ဆေးကုခံမယ်​ဆိုပါးစပ်​ပိတ်​ပြီး ငြိမ်​ငြိမ်ထိုင်စောင့်​ နေ" စသဖြင့်​ အနိုင်​ယူတတ်​သည်​။

ဤသို့ဖြင့်​ ငယ်​သူငယ်​ချင်းအရင်း​ခေါက်​​ခေါက်​များ အားလုံး တစတစ မျိုးကို​ဘေးမှ ဖယ်​ခွာသွားကြသည်​။ မျိုးကိုက​တော့ သူ့ထံမှအခွင့်​အ​ရေးကို​မျှော်​ကိုး၍ ပေး​ကျွေး​ပေါင်းသင်းသူများကြားတွင်​ မိုးမမြင်​​လေမမြင်​​ ကျေနပ်​​ပျော်​ရွှင်​လို့​နေသည်​။

မျိုးကို၏ဆရာက ​ဆေးခန်းတွင်​သုံးရန်​ ဆိုင်​ကယ်​တစီးဝယ်​​ပေးထားသည်​။ ထိုဆိုင်​ကယ်​​ပေါ် တက်​ခွရတိုင်း မျိုးကိုတ​ယောက်​ ကြွားကြွားဝင့်​ဝင့်​။ ထိုဆိုင်​ကယ်​ဖြင့်​ မီးပွိုင့်​တွင်​မီးနီဖြတ်​​မောင်းသည်​။ မဝင်​ရ​သောလမ်း ကိုဝင်​သည်​။ လမ်း​ပြောင်းပြန်​ ယာဉ်​​ကျော​ပြောင်းပြန်​​မောင်းသည်​။ အားလုံးကမ​ပြောသာသ​ရွေ့ ​ဘေးမဲ့လွှတ်​ထားကြသည်​။ ထိုအခါ မျိုးကိုတ​ယောက်​ မိုးမမြင်​​လေမမြင်​ ထင်​သလို​မောင်း​တော့သည်​။

x          x              x      
     
ဒီ​နေ့ အိမ်​ပင့်​လူနာကြည့်​သွား​သောအခါ မျိုးကိုသူ့ဆရာနှင့်​အတူပါသည်​။ လူနာကို​ဆေးကု​ပေးပြီး​သောအခါ လူနာရှင်​က ဆရာဝန်​ကိုသူ့အိမ်​မှကားနှင့်​လိုက်​ပို့​ပေးမည်​ဟု​ပြောသည်​။ ထို့​ကြောင့်​ ​ဆေးအိတ်​ကိုယူ၍ မျိုး ကိုတ​ယောက်​တည်း ဆိုင်​ကယ်​နှင့်​​ဆေးခန်းသို့ပြန်​ရန်​ ထွက်​လာခဲ့သည်​။ ထုံးစံအတိုင်း ​ဆေးအိတ်​ကို ​ပေါင်​ကြားတွင်​ညှပ်​ပြီး လက်​တဖက်​ဖြင့်​ထိမ်းကိုင်​ရင်း ဆိုင်​ကယ်​ကို​မောင်းထွက်​လာခဲ့သည်​။ 
ဆေးခန်းနားသို့​ ရောက်​​သောအခါ လုပ်​​နေကျအတိုင်း လမ်းမကြီး​ပေါ်တွင်​ ယာဉ်​​ကျောကို​ပြောင်းပန်​​မောင်း၍ ​ဆေးခန်းဖက်​သို့ဦးတည်​လိုက်​သည်​။ လှမ်းကြည့်​လိုက်​​သောအခါ ခပ်​လှမ်းလှမ်းမှ ကုန်​ကားတစီး​ မောင်းလာ​နေသည်​။ သူ့ဆိုင်​ကယ်​ကိုမြင်​လျှင်​ ခါတိုင်းလို ကားကအရှိန်​​လျော့၍ ရပ်​​စောင့်​လိမ့်​မည်​ဟု​တွေးသည်​။ ​ဆေးအိတ်​ကိုပြုတ်​မကျ​အောင်​ထိမ်းကိုင်​ရင်းဆိုင်​ကယ်​ကိုဆက်​​မောင်းလာခဲ့သည်​။ အရှိန်​ဖြင့်​​မောင်းလာ​သောကားစက်​သံ ကျယ်​​လောင်​​သောဟွန်းသံ ဘရိတ်​ညှစ်​သံတို့ကိုကြားလိုက်​ပြီး ဒုံးခနဲ ကျယ်​​လောင်​​သောအသံနှင့်​အတူ မျိုးကို၏ ခန္ဓာ ကိုယ်​သည်​ ဆိုင်​ကယ်​မှလွှင့်​စင်​ ထွက်​သွား​လေသည်​။

မျိုးကို၏ခန္ဓာကိုယ်​သည်​ အရှိန်​ပြင်းစွာ ကားလမ်းမနှင့်​ရိုက်​မိ​လေသည်​။ မျိုးကိုသည်​ တချက်​နှစ်​ချက်​မျှတွန့် လိမ်​ပြီး ငြိမ်​သက်​သွား​လေသည်​။ မျိုးကိုသည်​ ​နောက်​ဆုံးထွက်​သက်​အထိ သူ့ကိုအခွင့်​အာဏာဖြစ်​တည် စေသော​ ဆေးအိတ်​ကို ကျစ်​ကျစ်​ပါ​အောင်​ဆုတ်​ကိုင်​ရင်း အသက်​ထွက်​သွား​လေသည်​။   ။

ကမ်​လူ​ဝေး

Comments