တည်ဘွားဦး ● နတ်သား


တည်ဘွားဦး ● နတ်သား
(မိုးမခ) ဇန်နဝါရီ ၂၇၊ ၂၀၁၈

နံရံကို ခေါင်းနဲ့တိုက်ဘူးတယ်
ခေါင်းမကွဲဘူး နံရံကွဲသွားတယ်
ငါ့ကိုယ်ငါ လွှတ်ချခဲဘူးတယ်
တစ်စစီ ကွဲကြေမသွားခဲ့ဘူး
ငါဟာ
ပြေးထွက်သွားတဲ့ လေယျဉ်ပျံနောက်ကို
ပြေးလိုက်လို့
ငါဟာ
တွင်းထဲဝင်သွားတဲ့မြွေအမှီးကို
ဆွဲဆန့်လို့
ငါဟာ
လူသူကင်းမဲ့တိုင်း
ကောင်းကင်ပေါ်ကို ခုန်ချဖို့ အမြဲကြံစည်ခဲ့တယ်
ငါဟာ
ပင်လယ်ကြီးက ခိုးဝှက်သိမ်းထားခဲ့တဲ့ လမင်းလေးပေါ့
ငါပျော်ရွှင်နေတယ်လို့
မင့် ဘယ်သူပြောလဲ
အဲဒါတွေက အဆိပ်ခတ်ထားတယ်ဆိုတာ
ငါသိတယ် ငါသောက်တယ် ငါမသေဘူး။

တည်ဘွားဦး

Comments