ကေဇော်မိုး ● နှင်း​တွေပွင့်​လာခဲ့ပြီ


ကေဇော်မိုး ● နှင်း​တွေပွင့်​လာခဲ့ပြီ
(မိုးမခ) ဇန်နဝါရီ ၂၀၊ ၂၀၁၉

နှင်း​တွေကျလို့​နေတယ်
ဝိုင်​တခွက်​​ပေးပါ
နှင်း​တွေကျလို့​နေတယ်
ပါရီမြို့ကြီး ငါ့ပင်​လယ်​မှာ က​ဖေးဆိုင်​လာဖွင့်​လှည့်
နှင်း​တွေကျလို့​နေတယ်
သွေးရိုးသားရိုးသံသယမှာ လွတ်​လပ်​စွာတိတ်​ဆိတ်​​ပေးပါ
နှင်း​တွေကျလို့​နေတယ်
မေတ္တာတရားရဲ့ ကြာရှည်​​မျှော်​လင့်​ခြင်းက ​လေးပင်​ခဲ့
နှင်း​တွေကျလို့​နေတယ်
အတိတ်​ထဲက ဘယ်​ဖက်​ရင်​အုံမှာစိုက်​ဝင်​​နေတဲ့​ ရေခဲမီးဓား
နှင်း​တွေကျလို့​နေတယ်
အလင်းဖို​ဘေးမှာဂီတာသံ​တွေ ကန်းအ​နေတာကမ္ဘာဖျက်​စစ်
နှင်း​တွေကျလို့​နေတယ်
အလျှို့ဝှက်​ဆုံးဖန်​ဆင်းထားတဲ့ တ​စ္ဆေ​ပျော်​ည
နှင်း​တွေကျလို့​နေတယ်
အ​ယောင်​​ဆောင်​ပြတိုက်​ထဲက ​ရေခဲရိုက်​​ပျော်​ရွှင်​မှုများ
နှင်း​တွေကျလို့​နေတယ်
ယဉ်​​ကျေး​ယောင်​​ဆောင်​ထားတဲ့ကမ္ဘာကြီးထဲက စိတ္တဇချယ်​ရီ​မျှော်​မီးခိုး​ငွေ့များ
နှင်း​တွေကျလို့​နေတယ်
ဘုရားသခင်​ဆီပျံသန်းသွားတဲ့လှည့်​စားမှုအညစ်​အ​ကြေးများ
နှင်း​တွေကျလို့​နေတယ်
ကျပ်​ငါး​ထောင်​တန်​ကဗျာနဲ့ သား​မွှေးဝတ်​ရုံတို့ရဲ့ ချွတ်​​ချော်​လွဲမှားခြင်း
နှင်း​တွေကျလို့​နေတယ်
အလင်းနှစ်​ထဲ​ပျော်​ရွှင်​ခြင်းကိုမျှား တိတ်​တဆိတ်​ဝိညာဉ်​မဲ့​နေ့ရက်​များ
နှင်း​တွေကျလို့​နေတယ်
လူပုံတူတို့ရဲ့ငရဲညအပြုံးမှာ​ အောင်​မြင်​စွာကျရှုံးသွားတဲ့အခိုက်​အတန့်​များ
နှင်း​တွေကျလို့​နေတယ်
ပြာ​ငွေ့​တွေလိုလွင့်​ဝဲသွားတဲ့ ​မေတ္တာတရားအ​သေဓာတ်​များ
နှင်း​တွေကျလို့​နေတယ်
အ​ဝေးကြီးကလာတဲ့အသံမှာ ထင်​ရှားသိသာသစ္စာတရားများ
နှင်း​တွေကျလို့​နေတယ်
အပြင်းဆုံးဝိုင်​တခွက်​​ပေးပါ
မချုပ်​အား​သေးတဲ့ဂျက်​ကတ်​က​လေးရယ်
လက်​ကျန်​အသက်​နဲ့ ချစ်​ခြင်း​မေတ္တာ​ပေါင်းပြီး ​မော့ချခဲ့တယ်
အခု...
နှင်း​တွေပွင့်​လာခဲ့ပြီ။

ကေ​ဇော်​မိုး

Comments