ကျော်ဟုန်း ● သုဘရာဇာရဲ့ ကြိုတင်ကျင်း


ကျော်ဟုန်း ● သုဘရာဇာရဲ့ ကြိုတင်ကျင်း
(မိုးမခ) ဇန်နဝါရီ ၉၊ ၂၀၁၈
မှားပြီး နှိပ်မိတဲ့ ခလုတ်ဆိုပြီး
ဘွာတေးကူလို့ မရဘူး။

ဒုက္ခဟာ ပျားရည်နဲ့ စိမ်စိမ်
ခွေးလှေးယားသီးနဲ့ပဲ သုတ်သုတ်
ဒုက္ခမျိုးစိတ် မပျောက်။

လောကပါလတရားကို
ပွဲစားအကူနဲ့
ဈေးကစားလို့ မရ။

ပိုးဖလံတွေ
မီးပုံထဲ တိုးဝင်တာက
မသိခြင်းနဲ့ ဝဋ်ကြောင့်။

လူမိုက်တွေ တိုးဝင်တဲ့ မီးက
သိခြင်းနဲ့ လောဘကြောင့်။

တပွဲစားနဲ့ အကဲများတွေ
ခလုတ်မှားနှိပ်တာ ဆင်ခြေပဲ။

တနေ့ထဲမှာ
ကမ္ဘာဟာ
တခြမ်းမှောင် တခြမ်းလင်းနဲ့
ဒွန်တွဲနေတဲ့ ဒွိ။

ဘယ်သူပဲ ဖြစ်ဖြစ်
ကိုယ်ဖော်တဲ့ဆေးနဲ့
ကိုယ်သေရတာ တန်ပါတယ်။ ။

ကျော်ဟုန်း
၂၀၁၉၊ ၀၁၊ ၀၈

Comments