ဘုန်းနေသွန်း ● မိုးမိတ်


ဘုန်းနေသွန်း ● မိုးမိတ်
(မိုးမခ) ဇန်နဝါရီ ၃၁၊ ၂၀၁၉

တောင်​တန်းပြာပြာ​တွေဆီ
လှမ်း​​မျှော်​လိုက်​တဲ့ အ​တွေးဟာ
စိမ်းလန်း​သောအ​ငေး ဖြစ်​သွားတယ်
မြူသားရိပ်​ရိပ်​အပြာ
လွတ်​လပ်​မှုဟာ
လယ်​ကွင်းအဝါထဲ ​လေလို ဖြတ်​​ပြေးလို့
တိမ်​သန္တာ
မြေလမ်းအနီ
သံ​ယောဇဉ်​ရှိသူတစ်​​ယောက်​ ​နေထိုင်ခဲ့ဖူးတဲ့
အရပ်
ဘဝတစ်​​ကွေ့​တောင်​​ပေါ်လမ်းတို့​ ​ကွေ့​ကွေ့
ကောက်
ဝေ့လည်
ဟော်​နန်း​ဟောင်းက သမိုင်း​ဟာ လွမ်း​မော
ဖွယ်
လွမ်းပါ
သစ္စာရှိရှိ လွမ်းပါ
ပျော်​​ပျော်​ရွှင်​ရွှင်​ မျက်​ရည်​ကျပါ
ငါတို့မြစ်​​ရေ​တွေဟာ
ဘယ်​​သောအခါမှ ပြန်​မလာ​တော့ဘူး။    

ဘုန်း​နေသွန်း

Comments