လင်းသစ်နီ ● ငပျင်း
(မိုးမခ) ဖေဖော်ဝါရီ ၂၁၊ ၂၀၁၉
ဇာတ်လမ်းမှာ
အကုန်လုံးက ခေါက်ဓားတွေချည်ပဲ
ဘာလို့ ပုလင်းလွတ်ထဲက စာကို
မျှော်လင့်ချက်နဲ့ အနားသတ်ချင်ရတာလဲ
အဓိပ္ပာယ်မရှိ
မြင်ကွင်းဆုံးလည်း ပင်လယ်ရေက ငံတယ်
မမြင်ဖူးလို့
ကမ်းမမြင်လမ်းကို လက်ပစ်ကူးပြပါလား
သူတို့ တရားချခဲ့တာပါ
ရေကြည်ရာသွားချင်တဲ့စိတ်ကို
မြက်နုရာမရောက်လည်းထားခဲ့လိုက်ကြ
သဲပြင်ဆိုတာ
ဓားပေါက် လေ့ကျင့်ရတဲ့
နေရာ။
လင်းသစ်နီ
(မိုးမခ) ဖေဖော်ဝါရီ ၂၁၊ ၂၀၁၉
ဇာတ်လမ်းမှာ
အကုန်လုံးက ခေါက်ဓားတွေချည်ပဲ
ဘာလို့ ပုလင်းလွတ်ထဲက စာကို
မျှော်လင့်ချက်နဲ့ အနားသတ်ချင်ရတာလဲ
အဓိပ္ပာယ်မရှိ
မြင်ကွင်းဆုံးလည်း ပင်လယ်ရေက ငံတယ်
မမြင်ဖူးလို့
ကမ်းမမြင်လမ်းကို လက်ပစ်ကူးပြပါလား
သူတို့ တရားချခဲ့တာပါ
ရေကြည်ရာသွားချင်တဲ့စိတ်ကို
မြက်နုရာမရောက်လည်းထားခဲ့လိုက်ကြ
သဲပြင်ဆိုတာ
ဓားပေါက် လေ့ကျင့်ရတဲ့
နေရာ။
လင်းသစ်နီ
Comments