ကေဇော်မိုး ● အိန္ဒြာကျော်ဇင်စကိတ်စီးတုန်းက ငါတို့ဟာ မီးကုန်ယမ်းကုန်
(မိုးမခ) ဖေဖော်ဝါရီ ၇၊ ၂၀၁၉
ရှေ့မှာပြသွားတဲ့ သီအိုရီအတိုင်းပဲ
အဲ့ဒီရနံ့က အတွေးထဲ အလံကိုလာလှုပ်ခတ်တယ်
ငါ့ အဘေး
ငါ့ အဘိုး
ငါ့ အဖေ
ငါ
ငါများနောက်က ငါ့သား။
သူ့ခေတ် သူ့အခါနဲ့
အိန္ဒြာကျော်ဇင်စကိတ်စီးတုန်းက ငါတို့များ မီးကုန်ယမ်းကုန်
ဘယ်သူများက ဘယ်သူ့ကို ဘယ်ဝါကျမှာ ဘယ်လိုစကားဆိုလိုက်တယ်
ငါ့ရှေ့ကသီအိုရီများမှာ အလံလွှင့်ထားတာရှိခဲ့။
ငါတို့ပေါ့
အမြဲတိုက်နေတဲ့ စစ်ကြီးမပြီးခင်ပေါ့
တယောက်နဲ့တယောက် ရင်ပေါင်တန်းရင်းပြောဖြစ်ကြတယ်
ဖလှယ်ဖြစ်တယ်
ဆွေးနွေးကြတယ်
ငါတို့ရနံ့ရဲ့အလံမှာ
အိန္ဒြာကျော်ဇင်စကိတ်စီးတုန်းက တဖျပ်ဖျပ်ပွင့်ခဲ့တယ်။
ကေဇော်မိုး

Comments