ရန်လင်းအောင် ● မနက်ခင်းကောင်းကောင်း


ရန်လင်းအောင် ● မနက်ခင်းကောင်းကောင်း
(မိုးမခ) ဖေဖော်ဝါရီ ၁၁၊ ၂၀၁၉

အားလုံးဝိုင်းအောင်ရေးတယ်ပြောမှာပဲ
"ဆုံးရှုံးခြင်း" သံစဉ်ကိုတီးခတ်လို့ -
ငါဘာကောင်လဲကို အချောသတ်အောင်
လိုက်သတ်ကြ။

လက်ဖြောင့်ဖြောင့်
အသက်ရှူဖြောင့်ဖြောင့်
လွယ်တော့မလွယ်ဘူး
နာမည်လှလှပေးတတ်သူတွေနဲ့
ရန်ငါပြတ်ဖို့လည်းလိုတာပေါ့။

ငိုသံရယ်သံတွေဖြုံသွားအောင်
နာကျည်းမှုဖြင့် မတည်ငြိမ်စေရာ
ဇာတ်နာဖြင့်လည်း မဖာထေးရာ။

ချောက်ကမ္ဘားထဲကျတဲ့
လရောင်အတွက်မစိုးရိမ်ပါနဲ့
ရောက်မလာတဲ့နေ့လည်း မရှိပါဘူး
လိမ်တဲ့အရိပ်လည်း မရှိပါဘူး။

ကြွေးပုခုံးပြောင်းဆုတောင်းတွေတော့
ထားခဲ့ပေါ့။

ရန်လင်းအောင်
၁၀.၂.၂၀၁၈

Comments