မင်းချောမြင့် ● ပေါင်းလောင်း (၂)

 

မင်းချောမြင့် ● ပေါင်းလောင်း (၂)
(မိုးမခ) ဧပြီ ၁၊ ၂၀၁၉

ချောင်းကြည့်နေရတာ
ပြီးတော့ မြင်ကွင်းက လွတ်မြောက်ချင်တာ
အချိုသပ်လိုက်ရရုံပဲ
ရနံ့တွေက ကုန်ပြီ

တောင်ကတုံးများ
ငယ်ဘဝများ
ရေဟာ ဆာလောင်မှုအတွက် စီးမျောပစ်လိုက်ပြီ
ကြည်ကြည်နူးနူးနဲ့ သယ်ဆောင်ခဲ့ပါပြီ

အနည်ကျချိန်ပေါ့
ပေါင်းလောင်းဖြစ်ခဲ့တယ်
ငါတို့အဖြစ်ပေါ့

မင်းချောမြင့်

Comments