ဝါကျဖြူ ● သတ္ထုအရေခွံများ

 ဝါကျဖြူ ● သတ္ထုအရေခွံများ
(မိုးမခ) ဧပြီ ၁၅၊ ၂၀၁၉

မီးရထားခိုးစီးလာတဲ့ တစ္ဆေတကောင်က
မသိစိတ်နယ်ပယ်ထဲကနေ လျှပ်စစ်စီးကြောင်းတွေနဲ့
ကမ္ဘာကီးရဲ့မျက်နှာကို ဆွဲခွာချပစ်နေပါတယ်။

ပြင်မရတဲ့ နာရီတွေထဲမှာ နှစ်ဘဝမြောက် ခိုငှက်တွေ
ကျောက်သားတွေကိုထိုးဆိတ်နေတဲ့ နှုတ်သီးတွေက
ဘဝတွေကို အဖန်ဖန် ရစ်နွယ်ထားတဲ့
တိတ်သားများ။

တိမ်တွေကို ကော်ဖီတခွက်စာလိုမျိုး
ဖျော်ပြီးသောက်ပစ်နေရတယ်
ထမင်းတွေလို မျိုစားပစ်နေရတယ်
ပုံပြင်တွေဟာ ငါ့အရေပြားထဲက စီးကျနေတယ်။

Comments