Burmese Artists inside Burma hosted Nargist Relief Art Show

နာဂစ်မုန်တိုင်း - ကယ်ဆယ်ရေး - ပန်းချီပြပွဲ ကျင်းပ
မိုးမခ အထောက်တော် ၀၀၃၊ ဓာတ်ပုံသတင်း
ဇွန် ၁၉၊ ၂၀၀၈

နာဂစ်မုန်တိုင်းသင့်ပြည်သူများကို ကူညီနိုင်ရန် ရန်ပုံငွေအတွက် မြန်မာပန်းချီအနုပညာရှင်များက နာဂစ်မုန်တိုင်းကို ပန်းချီဖြင့် မှတ်တမ်းပြုပန်းချီကားများ ပြသခဲ့ကြသည်။

“ ငါတို့မှာ အဖေ၊ အမေ၊ ညီအကိုမောင်နှမတွေ မရှိ၊ ငါတို့မှာ အိမ်တွေမရှိ၊ ဒါပေမယ့် ငါတို့မှာ အနာဂတ်တွေရှိသေးတယ် ” ဆိုသော ခေါင်းစည်းနှင့် ပန်းချီပြပွဲကို လွန်ခဲ့သည့် စနေ၊ တနင်္ဂနွေက သမ္မတဟိုတယ်တွင် ကျင်းပခဲ့သည်။ ဗြူတီ၊ သူရိယနှင့် စာပေလောက စာနယ်ဇင်းတို့က ကမကထပြုသည်ဟု ဆိုသည်။ ပန်းချီဆရာပေါင်း ၈၆ ဦးပါဝင်သည်ကို တွေ့ရသည်။ မိုးမခက ရရှိသော ပန်းချီကားများ ပုံတူဓာတ်ပုံများကို ဖော်ပြလိုက်ပါသည်။

Comments