Burmese in Singapore to mark Aung San Suu Kyi - 63

အမေ့မွေးနေ့ အထိမ်းအမှတ် ကဗျာရွတ်ပွဲ စင်္ကာပူတွင် ကျင်းပမည်
ဂျေမိုး
၁၇ မေ ၂၀၀၈

စင်္ကာပူ။ ။စင်္ကာပူနိုင်ငံရှိမြန်မာ့လူထုအကြား ဒေါ်အောင်ဆန်းစုကြည့် (၆၃)နှစ်ပြည့်မွေးနေ့ ကဗျာရွတ်ပွဲနှင့် အခြားစိတ်ဝင်စားစရာ အစီအစဉ်များအကြောင်းကို တယ်လီဖုန်းမက်ဆေ့ခ်ျများ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ ပြုလုပ်လျှက်ရှိသည်။

ကျရောက်လာမည့် ဒေါ်အောင်ဆန်းစုကြည်၏ (၆၃)နှစ်မြောက် မွေးနေ့အလှူကို လာမည့်တနင်္ဂနွေနေ့တွင် စင်္ကာပူနိုင်ငံရှိ တိုပါရိုးမြန်မာဘုန်းတော်ကြီးကျောင်း၌ ကျင်းပမည်ဖြစ်ပြီး မွေးနေ့အထိမ်းအမှတ် ကဗျာရွတ်ပွဲကို ကျင်းပပြုလုပ်မည်ဟု သိရှိရသည်။

အန်တီစုမွေးနေ့အတွက် ကဗျာကောင်းလေး တစ်ပုဒ်ရွေးချယ်ထားပြီးဖြစ်တဲ့ "ကိုပေါ" က "ကဗျာဆရာဖုန်းဆိုးရဲ့ "၅၄ တက္ကသိုလ်ရိပ်သာလမ်း၊ရန်ကုန်" ကို ရွတ်ဖို့ရွေးချယ်ထားတယ် အဲဒီကဗျာမှာ ဒေါ်အောင်ဆန်းစုကြည့်ဟာ အာဇာနည်မျိုးရိုးကနေ ဆင်းသက်လာတယ် မြန်မာပြည်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ အဓိကပြဿနာတွေနဲ့ပတ်သက်ပြီး ဒေါ်စုဟာ ”အတိတ်ပြဿနာသေတ္တာရဲ့ သော့တချောင်းဖြစ်သလို အနာဂတ်ဥယျဉ်တံခါးရဲ့ သော့တချောင်းလည်းဖြစ်ပြန်တယ်” လို့ ဆရာဖုန်းဆိုးက ရေးထားတယ်ဗျာ။ ဒေါ်အောင်ဆန်းစုကြည့်ရဲ့ စွန့်လွှတ်အနစ်နာခံတာတွေ သူ့ရဲ့ထက်မြက်မှုတွေကို ဒီကဗျာထဲမှာ ဖေါ်ကျူးထားပြီးတယ် ဒီကဗျာကို ပြန်ဖတ်ရတာကလဲ ဒေါ်စုမွေးနေ့ကိုဂုဏ်ပြုတဲ့အနေနဲ့ရယ် နောက်လူတွေကို ကိုယ်လုပ်ရမည့်တာဝန်တွေကို သန္နိဋ္ဌာန်ချပြီး လုပ်ဆောင်ကြဖို့ နှိုးဆော်တဲ့အနေနဲ့ရွတ်မှာ” ဟု ပြောပြသည်။

၅၄ တက္ကသိုလ်ရိပ်သာလမ်း၊ရန်ကုန် ကဗျာမူရင်း
http://www.owaysingapore.org/ind_54%20University%20Ave.php

မွေးနေ့ပွဲအစီအစဉ်နှင့် ပတ်သက်ပြီး ဖိတ်စာတွင် အောက်ပါအတိုင်းဖေါ်ပြထားပါသည်။

“မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၃)နှစ်ပြည့် မွေးနေ့ အလှူ “
၁၀း၀၀ နာရီ မှ ၁၁း၀၀ နာရီ
မွေးနေ့ ဆွမ်းအနုမောဒနာတရားနာကြားခြင်း
၁၁း၀၀ နာရီမှ ၁၂း၀၀ နာရီ
(၁) မြတ်စွာဘုရားအမှူးရှိသော သံဃာတော်များအား ဆွမ်းဆပ်ကပ်လှူဒါန်းခြင်း
(၂) ကြွရောက်လာသောဧည့်ပရိသတ်များကို နေ့ လည်စာဖြင့် တည်ခင်းဧည့်ခံခြင်း
၁၂း၀၀ နာရီ မှ ၁း၀၀ နာရိထိ
မွေးနေ့ ဂုဏ်ပြုအစီအစဉ်
(ကဗျာရွတ်ဆိုခြင်း၊ ဓါတ်ပုံများပြသခြင်း)

Comments