Volunteers from Nargis Burial Free Service arrested by the Junta

နာဂစ် အထိမ်းအမှတ် သုဿန်ထူထောင်သူများကို အစိုးရ ဖမ်းပြီ
မိုးမခ အထောက်တော် ၀၀၃
ဇွန် ၁၈၊ ၂၀၀၈

ဓားပြချောင်းမှာ နာဂစ် အထိမ်းအမှတ် သုဿန်ထူထောင်သူများကို လွန်ခဲ့သည့် စနေနေ့ကတည်းက ဖမ်းဆီးထားကြောင်း ရန်ကုန်သတင်းအရ သိရသည်။ ဘိုကလေးမှာတင် ဖမ်းဆီးပြီး လူ ၁၂ ဦးအတွင်းမှ လေ့လာသူအဖြစ် လိုက်ပါသူ လူငယ် ၉ ဦးကို လွှတ်ပေးလိုက်သည်ဟု ဆိုသည်။

ဖမ်းဆီးခံရသူများမှာ ကိုအောင်ကျော်ဆန်း၊ ကိုမင်းလွင်နှင့် စေတနာဝန်ထမ်း ဆရာဝန်တဦး တို့ ဖြစ်သည်ဟု နီးစပ်သူတို့က ပြောပါသည်။ ကိုအောင်ကျော်ဆန်းသည် ပြည်တွင်းက မြန်မာသံတော်ဆင့် ဂျာနယ် ထုတ်ဝေသူဖြစ်ပြီး၊ ကိုမင်းလွင်ကတော့ လူမှုရေး အမျိုးသားရေး တက်ကြွှစွာ ဆောင်ရွက်သူ တဦးဖြစ်ကြောင်း ကြားသိရသည်။ ၄င်းတို့ ဦးဆောင်သည့် နာဂစ် သုဿန်လုပ်ငန်းများ ရပ်ဆိုင်းသွားပြီ ဖြစ်သည်ဟု ဆိုသည်။

Comments