Burmese Journals Digest - July 11th 2008


ပြည်တွင်းက ဖတ်မိသမျှ ဂျာနယ် အပိုင်းအစ
ဂျာနယ်ဂြိုလ် သာဂိ
ဇူလိုင် ဒုတိယပတ် ၂၀၀၈
ဇူလိုင် ၁၁၊ ၂၀၀၈

ခေါင်းစဉ်တွေထဲက တချို့ကတော့ - ၀န်ကြီးချုပ်က ဧရာဝတီတိုင်းသားတွေ ဖြစ်သလိုနေ၊ ဖြစ်သလိုစား စိတ်ဓာတ်တွေ ဖျောက်ပြီး အလုပ်ကြိုးစားကြပါ တဲ့။

ဥပဒေနဲ့အညီ ဖမ်းဆီးသည်ကို ခုခံလျင် ထောင် ၂ နှစ် ချမယ်တဲ့။ ဒါပေမယ့် မည်သူကိုမဆို တဦးတယောက်သောသူကို မတရားချုပ်နှောင်ထားလျှင် ထောင်ဒဏ် ၁ နှစ်ချပြီး အပြစ်ပေးလို့ရသတဲ့။ (ခုချိန်မှာ စစ်အစိုးရက မတရားဖမ်းထားသူ လူ ၁ ထောင်ကျော် ရှိနေတော့ စစ်အစိုးရကို အဲသည်လူ ၁ ယောက် ၁ နှစ် နှုန်းနဲ့ ထောင်ဒဏ် နှစ် ၁ ထောင် ပြန်ပြီး ချလို့ရတဲ့သဘော လေလား။ ဂျာနယ်ထဲမှာ ပါတာပါခင်ဗျား )

စာရေးဆရာအီကြာကွေး တသက်တာ စုဆောင်းသမျှစာအုပ်တွေ မထိန်းသိမ်းနိုင်သဖြင့် ချရောင်းတော့မယ် တဲ့။ စာရေးဆရာ ခေါင်ခါးခါး(ကလေး) ကွယ်လွန်ပြီးတော့မှ စာပေဆု ရရှိခဲ့တယ် တဲ့။ နာဂစ်သွေး မအေးကြပါနဲ့အုံး တဲ့။ ပြည့်ခိုင်ဖြိုး ဗုံးကွဲမှု ဓာတ်ပုံသတင်းတဲ့။ လေဘေးသင့် ဘုန်းကြီးကျောင်းများကို ၀ိုင်းဝန်း ပြန်လည်ထူထောင်ပေးကြရန် လိုတယ် … တဲ့။

စာဖတ်သူတချို့ကတော့ သတင်းခေါင်းစဉ်လောက် ဖတ်သွားကြတာပါ။ ဘာပဲ ဖြစ်ဖြစ် …

- ဖတ်ပါ့ -

Comments