Burmese workers in Trang, SouthernThailand

ထိုင်းနိုင်ငံအနှံ့ မြန်မာပြည်သားများ ရောက်ရှိနေသည်။
ထရန်း (Trang)မြို့တွင်လည်း မြန်မာပြည်သားများကို တွေ့နိုင်သည်။
ထရန်း သည် မလေးရှားနိုင်ငံနှင့် မလှမ်းမကမ်းတွင်တည်ရှိသည်။
အနီးဆုံး မြန်မာနိုင်ငံ နယ်စပ်မြို့မှာ ကော့သောင်းမြို့ဖြစ်သည်။

ထိုင်း-မလေးရှား နယ်စပ်အနီးမှ မြန်မာပြည်ားများ (အပိုင်း ၁)
ဓာတ်ပုံသတင်း

ဇူလိုင် ၁၃၊ ၂၀၀၈

သစ်များကို ကော်သုတ်၍ ပျဉ်ပြားပြုလုပ်ရန် ဟိုက်ဒရောလစ်စက်ထဲ ထည့်နေသည့် မြန်မာပြည်သား ၃ ယောက်။ ထိုင်းနိုင်ငံ ထရန်း (Trang)မြို့။ (photos:KMO)
ကော်နှင့်ကပ်၍ ရလာသော ပျဉ်များကို ရွှေဘော်ထိုးနေပုံ။ ပုံတွင် တွေ့ရသူမှာ မွန်ပြည်နယ်အဆင့် ကာယဗလမောင်ပြိုင်ပွဲ ဒုတိယဆုရ သထုံမောင်ဖြစ်သည်။

သစ်တို သစ်စများကို အချောင်းရှည် ပြန်ဆက်ရန် စစ်ထဲထည့်၍ အသွားဖော်နေပုံ။
ရန်ကုန်တိုင်း ရန်ကင်းမြို့နယ်မှ အမျိုးသမီးတဦး။

အခြောက်ခံပြီး သစ်မျိုးစုံကို ပရိဘောဂ ပြုလုပ်ရန် လိုအပ်သည့်ဆိုဒ်အကြမ်းဖြတ်သူများ။ (မွန်ပြည်နယ်အနှံ့မှ မြန်မာပြည်သားများ)

ပျဉ်းပြားလုပ်ရန်အတွက် သစ်များကို စီ၍ ကော်သုတ်ရန် ပြင်ဆင်နေပုံ။ အင်္ကျီပြာဝတ်ဆင်သူမှာ မြန်မာစစ်တပ်မှ ထွက်ပြေးလာသည့် ရခိုင်ပြည်နယ်သားဖြစ်သည်။

ပျဉ်ပြားအချောများကို ဆိုဒ်အငယ် ဖြတ်နေပုံ။ (ရွှေညာသား။ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်သား)

ပုဇွန်မွေးကန်တွင် လုပ်ကိုင်သူများမှာ လစဉ် ဘတ် ၃၅၀၀ ($120)၀န်းကျင် ရရှိသည်၊ အလုပ်ရှင်က အလုပ်သမားများ ထမင်းချက်စားရန် ဆန်နှင့် ဂက်စ်မီးဖို၊ ဂက်စ်အိုး အခမဲ့ ထောက်ပံ့သည်ဟု သိရသည်။ အလုပ်သမား တဦးလျှင် ပုံတွင်တွေ့ရသည့် ကန်၂ကန်ကျစီ တာဝန်ယူရသည်။ ရေအနက်မှာ လူတရပ်ခန့်ရှိသည်။ Trang မြို့မှ ဆိုင်ကယ်ဖြင့်သွားလျှင် တနာရီခရီးရှိသည်။ ကတန်မြို့နယ် ဗန်းလစ်ကျေးရွာတွင် တည်ရှိသည်။

သုံးလေးလကျော်ပြီး ပုစွန်အကောင်များ ရောင်းတမ်းဝင်ချိန်တွင် ပေါက်ဈေးမှာ တကီလိုဘတ် ၂၀၀ ($7)နှုန်း ဖြစ်သည်။ အလုပ်သမားအတွက် ၁ ကီလိုလျှင် ၂ ဘတ် ခွဲနှုန်း တွက်ပေးသည်၊ အလုပ်သမားများအတွက် ၄ လ လျှင် တကြိမ် ငွေစာရင်း ရှင်းပေးသည်၊ တဦးလျှင် ဘတ် ၂ သောင်းကျော် ($700 ခန့်)ရကြသည်၊ လုပ်ငန်းရှင်များမှာ ထိုင်းတရုပ်ကပြားသူဌေးများ၊ ရဲအရာရှိများဖြစ်သည်ဟု ဆိုသည်။

ပုစွန်မွေးကန်အလုပ်သမားများ နေထိုင်ရာ တဲအိမ်အတွင်းမှ စက်ဆီပုံးများ သယ်ထုတ်လာသူမှာ မွန်ပြည်နယ် မုဒုံမြို့မှဖြစ်သည်။

Comments